ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စုတွင် စားသုံးသူကာကွယ်ရေးဥပဒေသစ် အသိပညာပေးခြင်းနှင့် တိုင်းရင်းဆေးအခမဲ့ဆေးကုသခြင်းဆောင်ရွက်

ကျိုင်းတုံ ၂၀ မေ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကတ်တောင်ကျေးရွာအုပ်စု ပါဆမ်ရွာ၌ ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာန နှင့် ကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများပူးပေါင်း၍  စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးမှုကို မေ ၁၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ကျိုင်းတုံခရိုင် စားသုံးသူအကာကွယ်ပေးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများက စားသုံးသူကာကွယ်ရေးနှင့် သက်ဆိုင်သည်များကို အသိပညာပေးဟောပြော ခဲ့ပြီး ကျိုင်းတုံမြို့နယ် မြန်မာ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးဆရာ ဆရာမများက ကတ်တောင်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံရပ်ရွာသူ ရပ်ရွာသား ၇၀ ကို တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

ရဲထက်ဦး( ပြန် /ဆက်)

 

နတ္န