ကျိုင်းတုံမြို့နယ်၊ ယန်းလောခေတ်မီစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေး

ကျိုင်းတုံ မေ ၁ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်နေမှုအခြေအနေများကို မေ ၁ ရက် နံနက်ပိုင်းက ယန်းလောကျေးရွာအုပ်စု၊ ယန်းလောခေတ်မီစံပြကျေးရွာ၌ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ခမ်း၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများသည် ယန်းလော ကျေးရွာတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် အသင်းသူ၊ အသင်းသား (၃၀)ဦး၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိ/မရှိစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယန်းလော့ ခေတ်မီစံပြ ကျေးရွာရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၂_၂၀၂၃ခု ဘဏ္ဍာရေးနှစ်မှ စ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)အား အတိုးနှုန်းသက်သာစွာဖြင့် ပထမအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ဦးစီးမှူး ဦးစိုင်းအောင်ခမ်းထံမှ သိရသည်။

 

မောင်ခိုင်