ကျိုင်းတုံမြို့နယ်၌ တစ်ဖက်နိုင်ငံသို့ တရားမဝင်မြင်းများ ပို့ဆောင်သူ လေးဦး ဖမ်းဆီးရမိ

ကျိုင်းတုံ          ဇွန်       ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်မြင်းများ ပို့ဆောင်သူ  လေးဦးကို ဇွန်  ၂၄ ရက်က မိုင်းဇင်းကျေးရွာအုပ်စု၊ မိုင်းဇင်း(လားဟူ) ရွာအနီးတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်း(လားဟူ) ကျေးရွာအနီးတွင် ယာဉ်မှတ်- 8K/---- ရှစ်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ အထောက် အထား တစ်စုံတစ်ရာ မပါရှိဘဲ တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် မြင်းအထီး ၁၀ ကောင်၊ မြင်း လေးကောင် တင်ဆောင်ထားသည်ကို တွေ့ရှိရပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း  အိုက်ကောင်းနှင့်အတူ အိုက်အွန်ကျောက်၊ စောနိုင်ဦး၊ ကျမော တို့အား စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့ လေးဦးအား ကျိုင်းတုံ မြို့မရဲစခန်းက ()၁၂၅/၂၀၂၂၊ အရေးကြီးကုန်စည်ဥပဒေ ပုဒ်မ- အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)