ကျိုင်းတုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံပေး

ကျိုင်းတုံ          စက်တင်ဘာ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉  ကာကွယ်ဆေး တတိယအကြိမ် (Booster Dose)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံပေးရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးဌာနမှူး ဒေါက်တာ စည်သူအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်(Booster Dose) ထိုးနှံပေးခဲ့ရာ စက်တင်ဘာ ၁၆ ရက်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၁၇ ဦးထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ဒုတိယအကြိမ်ထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးန ှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)