ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှင့် ဆေးထိုးအပ်များ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိ

ကျိုင်းတုံ ဩဂုတ် ၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၇၉၃၀  နှင့် ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိကြောင်း သိရသည်။

 

အဆိုပါ လေယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား၊ အလုံးရေ ၇၂၀၀ လုံး၊ Sinovac အမျိုးအစား အလုံးရေ ၇၃၀ လုံး စုစုပေါင်း အလုံးရေ ၇၉၃၀ လုံးနှင့် ဆေးထိုးအပ် ၁၅၈၆၀ ချောင်းတို့သယ်ဆောင်လာပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

 

အလားတူ ဇူလိုင် ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၈၈၀၀ လုံးနှင့် ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ရောက်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးများ ဖြန့်ဝေထိုးနှံပေးခဲ့သည်။ အလားတူ ယနေ့ သြဂုတ် ၅ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm၊ Sinovac အမျိုးအစား အလုံးရေ ၇၉၃၀ လုံးနှင့် ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ ထပ်မံရောက်ရှိလာရာ မြို့နယ်များသို့ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်

 

အောင်ဇင်မြင့်(ပြန်/ဆက်)