ကိုပင်ဟေဂင်မြို့လယ်မှာ လျှပ်စစ် စကူတာ စီးနင်းခွင့် ပိတ်ပင်

၉ အောက်တိုဘာ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့လယ်မှာ လျှပ်စစ်စကူတာ ငှားရမ်းခွင့် ရပ်ဆိုင်းကြောင်း ဒီနေ့ (သောကြာနေ့) မှာ ကြေညာလိုက်ပါတယ်။ 

မြို့လယ်ရှိ လျှပ်စစ်စကူတာတွေ ငှားရမ်းခွင့်နဲ့ ရပ်ထားခွင့်ပိတ်ကြောင်း၊ အဲဒီစကူတာတွေဟာ အသက်အရွယ်ကြီးသူတွေအတွက် သွားလာရေးခက်ခဲစေသဖြင့် လာမယ့်နှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီ တစ်ရက်နေ့ကစပြီး ပိတ်ပင်သွားမှာဖြစ်ကြောင်း ကိုပင်ဟေဂင် မြို့တော်ဝန်က TV2 ရုပ်မြင်သံကြားကနေ ပြောကြားပါတယ်။ 

လျှပ်စစ်စကူတာ ငှားရမ်းခြင်းလုပ်ငန်းဟာ စီးပွားရေးမျှဝေခြင်း အစီအစဉ်လို့ ပြောနိုင်ပေမယ့် စီးနင်သူတွေဟာ တခြားသူတွေကို အလေးမထားခြင်း၊ လမ်းလျှောက်သူတွေအတွက် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စကူတာတွေကို ဖြစ်သလို ရပ်ထားခြင်းတွေကြောင့် အခုလို တားမြစ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။  

MDN
ကိုးကား - AFP