ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်

 

ကြို့ပင်ကောက်၊ ဒီဇင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)