ကိုရီးယားနိုင်ငံမှ  မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ မြားပစ် အားကစား ပစ္စည်းများ လှူဒါန်း

ရန်ကုန်  ၁၈  ဇူလိုင်

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိင်ရန် အောင်မြင်မှုများရရှိရေးအတွက် လူရွေးချယ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်သို့ ကိုရီးယားနိုင်ငံ Bread Sharing Center of Love အဖွဲ့နှင့် DAE  GU တက္ကသိုလ်တို့မှ မြားပစ်အားကစား  ပစ္စည်းများလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်း မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇေသီဟက အမှာစကားပြောကြားသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရေးအတွက် လူရွေးချယ်ရေးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှုဆောင်များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်သို့ ကိုရီးယားနိုင်ငံ DAE  GU တက္ကသိုလ်မှ ပါမောက္ခ Ms.Jung က မြားပစ်ပစ္စည်းများလှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး  မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇေသီဟနှင့် အမှုဆောင်များထံ မြားပစ်အားကစား ပစ္စည်းများ လှူဒါန်းကြသည်။

 

mdn

 

ထို့နောက် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် နည်းပြချုပ် Mr.Youn Byung Sun က မြားပစ် သမိုင်းကြောင်း ရှင်လင်းတင်ပြပြီး ကိုရီးယားနိုင်ငံ DAE GU တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက မြားပစ်အားကစားနည်းများအား လေ့လာဝင်ရောက်မြားပစ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး