ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ ၅၅၄ တန်နှင့် ဂျပန်နိုင်ငံမှ လှူဒါန်းသော အသင့်စားဆန်ထုပ် ၂၀၀၀၀ ကို မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများထံ ဖြန့်ဖြူးပေးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်

 

စစ်တွေ   ဇွန်   ၂၈

 

ရခိုင်ပြည်နယ်အတွင်း  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌   ရောက်ရှိနေသော သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းတွင် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ရောက်ရှိပြီး   ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းအမွေအနှစ်များနှင့် ပြကွင်းပြကွက် များကို လှည့်လည်ကြည့်ရှုလေ့လာသည်။

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ကျားရုပ်ပရိယတ္တိစာသင်တိုက်၊  ဂြစ်ဘက်ကျောင်းတိုက်နှင့် တန်ခိုးကျောင်း တိုက်တို့သို့ ရောက်ရှိကြပြီး ဆွမ်း ဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေများနှင့်  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက်     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌  ကျင်းပသည့်   ASEAN +3  အရေးပေါ် အရန်ဆန်ရိက္ခာ APTERR  Tier  Programme  3   အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ  လှူဒါန် သော ဆန်ရိက္ခာ  ၅၅၄  တန်နှင့် ဂျပန်နိုင်ငံမှ လှူဒါန်းသော  အသင့် စားဆန်ထုပ်  ၂၀၀၀၀  ကို   မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံစားခဲ့ရ သည့် ပြည်သူများထံ ဖြန့်ဖြူးပေးနိုင်ရေးအတွက်  စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင်     ပြည် ထောင်စုဝန်ကြီး ဦးလှမိုးက မိုခါ မုန်တိုင်း   တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇    မြို့နယ်ကို    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက  သဘာဝ ဘေးသင့်ဒေသအဖြစ် ကြေညာခဲ့ ကြောင်း၊ ASEAN +3  အရေးပေါ် ဆန်ရိက္ခာသည်  အာဆီယံ  (၁၀) နိုင်ငံနှင့် အပေါင်း  (၃) နိုင်ငံများအတွင်း  သဘာဝဘေး အန္တရာယ် တစ်ခုခုကျရောက်၍  အရေးပေါ် အခြေအနေတွင်    လိုအပ်သောဒေသများသို့    အရန်ဆန်များ ထောက်ပံ့ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိသော   အစီအစဉ်ဖြစ်ကြောင်း၊  အမှန်တကယ် ဆန်ရိက္ခာလိုအပ်နေသော ပြည်သူများ ထံသို့ အတိုင်းအတာတစ်ခု အထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ဖြည့်ဆည်းပေးသည့်  အာဆီယံအပေါင်းသုံး အရေးပေါ် ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ်သည်  မုန်တိုင်းဒဏ်သင့်    ပြည်သူများအပေါ် တိုက်ရိုက်အကျိုးပြုသည့် အစီအစဉ်လည်း    ဖြစ်ကြောင်း၊ အဆိုပါ     လှူဒါန်းဆန်များကို သက်ဆိုင်ရာ ပြည်သူများထံ ထိထိရောက်ရောက်    ထောက်ပံ့နိုင် ရေး ကူညီဆောင်ရွက်ပေးကြသည့် (APTERR)  အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ အလှူရှင်နိုင်ငံများ ဖြစ်သော   ဂျပန်နှင့်   ကိုရီးယားသမ္မတနိုင်ငံတို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း  ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က အမှာစကားများ     ပြောကြားကြပြီး APTERR    အတွင်းရေးမှူး    Dr. Choomjet Karnjanakesorn က လှူဒါန်းရခြင်းနှင့်    စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက်  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက   ပြည်နယ်ဝန်ကြီးချုပ်ထံ လှူဒါန်းဆန်များကို လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးထံ ကျေးဇူးတင်လွှာ ပေးအပ်၍   ပြည်ထောင်စုဝန်ကြီး က    အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 

ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့တော်ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ   ရုပ်ရှင် အစည်းအရုံး၊ ဂီတအစည်းအရုံး(ဗဟို)၊   သဘင်အစည်းအရုံး(ဗဟို)နှင့်    ဟာသပညာရှင်များ အစည်းအရုံးတို့၏ ဖျော်ဖြေပွဲသို့      ရောက်ရှိပြီး အနုပညာရှင်များ၊  ဂီတပညာရှင်များ၊   သဘင်ပညာရှင်များနှင့် ဟာသပညာရှင်များအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်  အားပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင် စုဝန်ကြီးနှင့်အဖွဲ့သည်  စစ်တွေ ဟိုတယ်၌  ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း သင့်ပြည်သူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊   ဂီတအစည်းအရုံး(ဗဟို)၊    သဘင်အစည်းအရုံး (ဗဟို)၊   ဟာသပညာရှင်များ အစည်းအရုံးနှင့် Old Star အဖွဲ့က   အလှူငွေပေးအပ်ခြင်း အခမ်းအနားသို့    တက်ရောက် သည်။

 

အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီး     ဦးလှမိုးက ကျေးဇူတင် နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ    ဦးကြည်စိုးထွန်းက အလှူငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊  ဂီတအစည်းအရုံး(ဗဟို)၊ သဘင်အစည်းအရုံး(ဗဟို)၊ ဟာသပညာရှင်များ အစည်းအရုံး နှင့် Old Star အဖွဲ့တို့မှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးထံ လှူဒါန်းငွေကျပ်   ၁၃၂၂  သိန်း နှင့်  စားသောက်ဖွယ်ရာများ   ပေးအပ်လှူဒါန်းကြပြီး      မိုခါရန်ပုံငွေ   ဘောလုံးအသင်း  တာဝန်ရှိသူများက    ပြည်နယ် ဝန်ကြီးချုပ်ထံ   အလှူငွေကျပ် သိန်း  ၇၅၀  နှင့် စားသောက်ဖွယ်ရာ များ ပေးအပ်လှူဒါန်းကြသည်။

 

ယင်းနောက်  ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက အလှူငွေ များ ပေးအပ်ခြင်းနှင့် ဖျော်ဖြေမှုအစီအစဉ်များ  စီစဉ်ဆောင်ရွက်ပေးခဲ့သော   Double Win Enter-tainment Co., Ltd. MD  ဦးကြည်ဝင်းထံ     ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်က  နိဂုံးချုပ်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်း အရုံး(ဗဟို)၊ သဘင်အစည်းအရုံး(ဗဟို)၊    ဟာသပညာရှင်များအစည်းအရုံးနှင့် Old Star အဖွဲ့တို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။

ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်       ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့်    သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   တက်ရောက်ကြသည်။

 

အစည်းအဝေးတွင်  လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊   ဆက်လက်ဆောင်ရွက်မည့်   အစီအမံများ၊ လုပ်ငန်းတိုးတက်မှု  အခြေအနေများနှင့် စပ်လျဉ်းသည့် ရှင်းလင်း တင်ပြချက်များအပေါ်    ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်