ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်နေစဉ် ရပ်ဆိုင်းလိုက်ပေမယ့် ကာကွယ်ဆေးက ဒီနှစ်အတွင်း ရရှိနိုင်မယ်လို့ ပြောကြား

၁၁ စက်တင်ဘာ

 

 

အောက်စဖို့ တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးထားတဲ့ လူတစ်ဦး ရုတ်တရက် ဖျားနာတဲ့အတွက် ဆေးစမ်းသပ်ခြင်း ရပ်ဆိုင်းလိုက်ပေမယ့် ကာကွယ်ဆေးက ဒီနှစ်အတွင်း ရရှိနိုင်မယ်လို့ ပြောကြားတယ်လို့ AstraZeneca က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆေးကုမ္ပဏီရဲ့ အကြီးအကဲ ပါစကယ် ဆိုရီရော့ က ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်း သို့မဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းမှာ ရရှိနိုင်ကြောင်း၊ ဆေးစမ်းသပ်ခံတဲ့ ဗြိတိန်နိုင်ငံမှ ပါဝင်သူဟာ ရုတ်တရက် ဖျားနာလာတဲ့အတွက် ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း၊ ဆေးစမ်းသပ်မှု ပြန်လည် စတင်နိုင်မယ့် စည်းမျဉ်း အသစ်တွေကို ကော်မတီက ပေးပြီးရင် ပြန်လည် စတင်နိုင်မယ်ဖြစ်ကြောင်း ပြောပါတယ်။

 

 

AstraZeneca က ထုတ်လုပ်ထားတဲ့ ဆေးကို အဆင့် ၃ အနေနဲ့ စမ်းသပ်နေသူဟာ ကမ္ဘာတစ်ဝန်းမှာ ၉ ဦးမှာ ၁ ဦးရှိကြောင်း သိရပါတယ်။

 

 

အမေရိကန် နိုင်ငံမှာ ဩဂုတ် ၃၁ ရက်နေ့ကစပြီး AstraZeneca မှ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို စမ်းသပ်နေသူ ၃၀,၀၀၀ ပါဝင်ပြီး ဘရာဇီးနဲ့ တောင်အမေရိက နိုင်ငံတွေမှာ ကာကွယ်ဆေးကို စမ်းသပ်ခံမှုတွေ လုပ်ဆောင်နေပါတယ်။

 

 

AstraZeneca က ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို AZD1222 လို့ ခေါ်ဆိုပြီး ကာကွယ်ဆေး ထိုးထားတဲ့  ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းမွန်တဲ့အတွက် ဗိုင်းရပ်စ်ကို ခုခံနိုင်ကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံရဲ့ သိပ္ပံ အကြံပေး ပက်ထရစ် ဗောလန့် ကာကွယ်ဆေး စမ်းသပ်စဉ်မှာ အခုလိုမျိုး အခြေအနေကို ကြုံတွေ့ဖို့ မျှော်လင့်ထားကြောင်း၊ ကာကွယ်ဆေး ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ကုသနည်းမှာတော့ ရလဒ်ကောင်းတွေ ရှိကြောင်း ပြောပါတယ်။

 

 

MDN

ကိုးကား- AFP

mdn