၁၇ ဖေဖော်ဝါရီ
ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ၂၀၂၀ခုနှစ်ရဲ့ ကမ္ဘာ့စီးပွားအပေါ် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ဒါပေမယ့် လျှင်မြန်စွာ ပြန်လည်ဦးမော့နိုင်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဒူဘိုင်းတွင် ကျင်းပနေတဲ့ ကမ္ဘာ့အမျိုးသမီးဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပေါ်မှာ ထိခိုက်မှုရှိတာကို အသိအမှတ်ပြုပေမယ့် တစ်စုံတစ်ရာမှတ်ချက်ပေးဖို့စောကြောင်း IMF အဖွဲ့ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တန်လီနာ ဂျော်ဂျီဗာက ပြောပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးရဲ့ သဘာဝကို သေသေချာချာမသိသေးဘူး။ တရုတ်နိုင်ငံက အဲဒီပိုးကို ထိန်းသိမ်းလိုက်နိုင်မလား။ ဒါမှမဟုတ် ကမ္ဘာ့ဒေအနှံ့ကို ပျံ့နှံ့အုံးမလားဆိုတာ မသိဘူး။ ဗိုင်းရပ်စ်ကို အလျှင်အမြန်ထိန်းသိမ်းလိုက်နိုင်ပြီဆိုရင် အခုကျဆင်းနေတာက အမြန်ဆုံးဦးမော့လာမယ် သဘောက V ပုံသဏ္ဍန်လိုမျိုးပါလို့ ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ကမ္ဘာ့စီးပွားရေး အင်အားကြီး အမေရိကန်နဲ့ ဒုတိယ အင်အားကြီးတရုတ်တို့ကြားက ကုန်သွယ်ရေးသဘောတူညီချက်နဲ့ပတ်သက်ပြီး IMF အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
MDN
ကိုးကား- AFP