ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပိုများလာရင် အသွားအလာပိတ်ဆို့မှု ကြေညာမယ်လို့ ဝန်ကြီးချုပ်ပြော

၁၂ အောက်တိုဘာ

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူများလာခဲ့မယ်ဆိုရင် အသွားအလာပိတ်ဆို့ကန့်သတ်မှုတွေ ကြေညာအောင် တွန်းအားပေးနေကြောင်း ဝန်ကြီးချုပ်က သတိပေးပြောကြားပါတယ်။ ဒါ့အပြင် ပိုးတွေ့သူများလာတာကလည်း ဆေးရုံတွေရဲ့ လည်ပတ်မှုကို ခက်ခဲအောင် ပြုနေတဲ့အတွက် အသွားအလာကန့်သတ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

 

ဝန်ကြီးချုပ် ကတ်တက်စ်က ပြင်သစ်ရေဒီယိုနဲ့ ဒီနေ့နံနက် အင်တာဗျူးမှာ နောက်ထပ် သီတင်းနှစ်ပတ်စောင့်ကြည့်လို့ ပိုးတွေ့သူတွေများလာရင်၊ ဆေးရုံတွေရဲ့ အရေးပေါ်အခန်းမှာလည်း လူမဆန့်အောင် ဖြစ်လာမယ်ဆိုရင် ဒီထက်တင်းကျပ်တဲ့ စည်းမျဉ်းစည်းကျမ်းတွေ ထုတ်ပြန်ဖို့သာ ရှိတော့ကြောင်း သတိပေးလိုက်ပါတယ်။

 

နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တဲ့အတွက် နွေဦးကာလမှာလို တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်မှု lockdown လိုမျိုး ပြန်မဖြစ်အောင် စည်းကမ်းတကျလုပ်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းက ပြင်သစ်နိုင်ငံမှာ ရှိနေပေမယ့် လူအများစုက စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ ပျက်ကွက်နေကြောင်း ပြောပါတယ်။

 

ပဲရစ်နဲ့ ပတ်ဝန်းကျင်မှာ ဘားတွေကို ပိတ်ဖို့အမိန့်ထုတ်ထားပြီး စားသောက်ဆိုင်တွေမှာလည်း တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေးစည်းမျည်းကိုချမှတ်ထားပြီးဖြစ်ပါတယ်။

 

စနေနေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၇,၀၀၀ ရှိပြီး တနင်္ဂနွေနေ့မှာတော့ ပိုးတွေ့သူ ၁၆,၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးစုစုပေါင်း ၃၂,၇၃၀ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဉရောပမှာ တစ်နိုင်ငံလုံး အသွားအလာပိတ်ဆို့မှု lockdown ကို ဇွန်ကစပြီး ပြန်ဖွင့်ပေးအပြီးမှာ ပိုးတွေ့ရှိရာ နေရာတွေပဲ ဒေသဆိုင်ရာ lockdown စည်းမျဉ်း ချမှတ်ပြီး ထိန်းချုပ်နေပါတယ်။

 

ပြင်သစ်နိုင်ငံမှာ ဒေသဆိုင်ရာ lockdown အတွင်းနေထိုင်ရာသူ ၂.၆ သန်း၊ ဗြိတိန်နိုင်ငံမှာ ၁၆ သန်း နဲ့ ဂျာမနီနိုင်ငံမှာ ၁၈ သန်း ရှိကြောင်း သိကြောင်း သိရပါတယ်။

 

ပြင်သစ်အစိုးရက ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် ပုံစံအသစ် အသွားအလာပိတ်ဆို့မှုကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ကြေညာသွားဖို့ ရှိနေပါတယ်။

 

MDN

ကိုးကား - AFP