၂၄ စက်တင်ဘာ
ဗြိတိန်တွင် ထပ်မံဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန်အတွက် ညွှန်ကြားချက် အသစ်များကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာလိုက်သည်။
ဗြိတိန်တွင် ဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်မြင့်မားလျှက်ရှိရာ စက်တင်ဘာလအတွင်း နေ့စဉ် အတည်ပြု လူနာသစ် တွေ့ရှိမှုမှာ လေးထောင်ကျော် အထိရှိလာခဲ့ပြီဖြစ်သည်။
ဘောရစ်ဂျွန်ဆင်၏ ညွှန်ကြားချက်များမှာ ယနေ့ စက်တင်ဘာ ၂၄ မှစတင်ပြီး ဘားဆိုင်များနှင့် စားသောက်ဆိုင် အားလုံး ည ၁၀ နာရီတွင် ပိတ်ရမည့် အချက်လည်း ပါဝင်သည်။
ထုတ်ပြန်ထားသည့် စည်းမျဉ်းများကို လူအများ အနေဖြင့် မလိုက်နာလျှင် ဥပဒေအတိုင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှ ပြောကြားခဲ့သည်။
ရုံးဝန်ထမ်းများကိုလည်း ဖြစ်နိုင်လျှင် အိမ်မှသာ အလုပ်လုပ်ရန် ဝန်ကြီးချုပ်မှ မှာကြားခဲ့သည်။
အားကစားပွဲများတွင် ပရိသတ်ကြည့်ရှုခွင့် နှင့်ပတ်သက်၍ အောက်တိုဘာလတွင် ဖြေလျော့ပေးမည့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က ရွှေ့ဆိုင်းထားလိုက်သည်။
ယခု ထပ်မံကန့်သတ်လိုက်သည့် စည်းမျဉ်းများသည် နောက်ခြောက်လခန့်အထိ တည်မြဲနေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်