၂ စက်တင်ဘာ
-အိန္ဒိယဝန်ကြီးချုပ်-
အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ သမ္မတကတော် မယ်လန်နီယာထရမ့် အား အမြန်ဆုံးပြန်လည်ကျန်းမာစေရန် ဆုတောင်းလိုက်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က သူနဲ့ သူ့ဇနီးတို့ မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း တွစ်တာကနေ ကမ္ဘာကို ဒီနေ့ အစောပိုင်းမှာ ကြေညာလိုက်ပါတယ်။
-ဗြိတိန်ဝန်ကြီးချုပ်_
ကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရဖူးသူ ဗြိတိန် ဝန်ကြီးချုပ် ဂျွန်ဆင်က သမ္မတ ထရမ့်နဲ့ သမ္မတကတော်တို့ အမြန်လည်ကျန်းမာအောင် ဆုတောင်းလိုက်ကြောင်း ဂျွန်ဆင်ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။
ဗြိတိန်ဝန်ကြီး ဂျွန်ဆင်ဟာ ဧပြီလမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတဲ့အတွက် အရေးပေါ်ကုသဆောင်မှာ သုံးရက်တိတိ နေခဲ့ရဖူးသူဖြစ်ပါတယ်။
-အီးယူအကြီးအကဲ-
အီယူအကြီးအကဲ ချားလစ်မိုက်ကယ်ကလည်း သမ္မတထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေရာ ကနေ အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေ။ Covid-19 ဆိုတဲ့ စစ်ပွဲတစ်ပွဲကို အားလုံးက ဆက်ပြီး နေ့စဉ်တိုက်ခိုက်ရမယ်။ ဘယ်နေရာမှာဘဲနေနေ ဗိုင်းရပ်စ်ပိုးကို ဆက်လက် တိုက်နေရမယ်လို့ သမ္မတထရမ့်တို့ အမြန်ဆုံးကျန်းမာလာအောင် ဆုတောင်း ကြပါတယ်။
အသက် ၇၄ နှစ်အရွယ် သမ္မတ ထရမ့်နဲ့ အသက် ၅၀ အရွယ် သမ္မတကတော်တို့ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပါတယ်။
အမေရိကန်နိုင်ငံမှာ ကြာသပတေးနေ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၇,၃၈၉ ဦးနဲ့ သေဆုံးသူ ၉၂၀ ရှိရာ စုစုပေါင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇,၄၉၄,၆၇၁ ဦးနဲ့ သေဆုံးသူ ၂၁၂,၆၆၀ ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား- AFP