ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး  နိုင်ငံရပ်ခြားဒေသ ၁၅ ခုသို့ ရောက်ရှိ

၂၈ ဇန်နဝါရီ

 

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံလုံး မှာ လူပေါင်း ၁၀၆ ဦး သေဆုံးပြီး ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၄,၅၁၅ ဦးအထိရှိကြောင်း တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးအဖွဲ့က အင်္ဂါနေ့ (ဇန်နဝါရီ ၂၈ ရက်) မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

 

တရုတ်နိုင်ငံ မြို့တော်ဘေကျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပထမဦးဆုံး သေဆုံးသူ တစ်ဦးအပါအဝင် ၁၀၆ ဦး ရှိလာပြီလို့သိပါတယ်။  တရုတ်ပြည်မထဲက ခရီးသွားတွေအများအပြား လာရောက်လည်ပတ်ရာ မကာအိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၆ ဦးရှိကြောင်း သိရပါတယ်။

 

ဟောင်ကောင်မှာတော့ ၈ ဦး ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားကြောင်း၊ အဲဒီထဲက ၆ ဦးဟာ ဟောင်ကောင် နဲ့ တရုတ်ပြည်မ ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့်ရထား စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေ ဖြစ်ပါတယ်။

 

1

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားသူ ၅၅ ဦး နိုင်ငံရပ်ခြားဒေသ ၁၅ ခုမှာ ရှိနေကြောင်း ဇန်နဝါရီ ၂၈ ရက် အထိ အတည်ပြု ထုတ်ပြန်ထားတဲ့  စာရင်းအရ သိရပါတယ်။

 

(၁) သြစတြေးလျနိုင်ငံ -  ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၅ ဦး ဟာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းဆေးရုံတွေမှာ ဆေးကုသခံယူနေကြပါတယ်။ အဲဒီ၅ ဦးလုံး ဟာ ဝူဟန်မြို့မှ ရောက်ရှိလာသူများဖြစ်ပါတယ်။

 

(၂) ကမ္ဘောဒီးယားနိုင်ငံ - ဝူဟန်မြို့က လာရောက်လည်ပတ်တဲ့ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရကြောင်း သိရပါတယ်။

 

(၃) ဂျပန်နိုင်ငံ - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၄ ဦး၊ ဝူဟန်နဲ့ တရုတ်နိုင်ငံရဲ့ တခြားမြို့တွေကနေ ပြန်လာသူများ ဖြစ်ပါတယ်။

 

(၄) တောင်ကိုရီးယားနိုင်ငံ - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူ  ၄ ဦး ဖြစ်ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဝူဟန်မြို့ကနေ လာရောက်သူများ ဖြစ်ပါတယ်။

 

(၅) မလေးရှားနိုင်ငံ - ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူ  ၄ ဦး၊ အားလုံးဟာ တရုတ်နိုင်ငံသားများဖြစ်ပြီး ဝူဟန်မြို့ကနေ လာရောက်လည်ပတ်သူများ ဖြစ်ပါတယ်။

 

(၆) စင်ကာပူနိုင်ငံ- ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူ  ၅ ဦး ဟာ ဝူဟန်မြို့မှ လာရောက်လည်ပတ်သူများ ဖြစ်ပါတယ်။

 

(၇) ထိုင်ဝမ်-  ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၅ ဦးဖြစ်ပြီး နောက်ဆုံးတွေ့ရှိရတဲ့ သူဟာ အသက် ၅၀ ကျော် အမျိုးသမီးဖြစ်ပြီး ဝူဟန်ကနေ ဇန်နဝါရီ ၂၀ ရက်နေ့က လေကြောင်းကနေ လာရောက်သူဖြစ်ပါတယ်။

 

(၈) ထိုင်းနိုင်ငံ - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၈  ဦးတွေ့ရှိပြီး၊ ၅ ဦးကတော့ ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

(၉) ဗီယက်နမ် - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ   ၂ ဦး

(၁၀) ကနေဒါနိုင်ငံ - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၁ ဦး

(၁၁) အမေရိကန်နိုင်ငံ - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၅ ဦး

(၁၂) ပြင်သစ်နိုင်ငံ- ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၃ ဦး

(၁၃) ဂျာမနီနိုင်ငံ- ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၁ ဦး

(၁၄) နီပေါနိုင်ငံ - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၁ ဦး

(၁၅) သီရိလင်္ကာနိုင်ငံ - ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသူ  ၁ ဦး

 

1

တရုတ်နိုင်ငံ ပြင်ပဒေသများမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ မရှိသေးတာကို တွေ့ရပါတယ်။  ၂၀၁၈ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားဒေသများဆီကို ခရီးစဉ်ပေါင်း သန်း ၁၅၀ သွားရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ၂၀၁၉ ခုနှစ် မေလက ကြေညာထားပါတယ်။

 

MDN

ကိုးကား -AFP