ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် အမေရိကန်လွှတ်တော်အမတ်တစ်ဦး သေဆုံး

၃၀ ဒီဇင်ဘာ

အမေရိကန်လွှတ်တော်အမတ် ရီပတ်ပလစ်ကန် ပါတီဝင် အသက် ၄၁ နှစ်အရွယ် လုခ်လတ်လိုး ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် အင်္ဂါနေ့မှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးခဲ့တဲ့ ပထမဆုံး လွှတ်တော်အမတ်ဖြစ်ပါတယ်။

လွှတ်တော်အမတ် လုခ်လတ်လိုး ဟာ လူဝီဇယားနားရဲ့ 5th district လွှတ်တော်အမတ်ဖြစ်ကြာင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ခဲ့သူ ဖြစ်ပါတယ်။

လွှတ်တော်အမတ်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပြီး နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်ခဲ့ပါတယ်။ ၃ ရက်အကြာမှာတော့ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

အောက်လွှတ်တော် ဉက္ကဋ္ဌ နန်စီပလိုစီရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် လတ်လိုးဟာ လူဝီဇယားနားရဲ့ မျိုးဆက် (၉)ကြိမ်မြောက်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းရန် ကိုယ်ရောစိတ်ပါ ဆောင်ရွက်သူဖြစ်ပါတယ်။ အောက်လွှတ်တော်အနေနဲ့ ကပ်ရောဂါကြောင့် သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့အတူ ဝမ်းနည်းပါတယ်လို့ ပါရှိပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၁၉,၅၂၆,၂၂၈ ဦးနဲ့ သေဆုံးသူ ၃၃၇,၉၁၈ ဦး ရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP