ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလိုနှင့် ဘိန်းစိမ်း ၂ ကီလို ဖမ်းဆီးရမိ

နေပြည်တော်  ဇွန် ၃၀

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလိုနှင့် ဘိန်းစိမ်း ၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂၃ ရက် ညနေ ၆ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ဟိုပင် မြို့ဘက်သို့ အေးမင်းအောင်(ခ)မင်းမင်း မောင်းနှင်ပြီး ဦးကြည် လိုက်ပါလာသည့် CANTER ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ ဘိန်းစိမ်း ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်‌ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(သတင်းစဉ်)