ကလော၊ တန့်ယန်းနှင့် နောင်ချိုမြို့နယ်တို့တွင်မူယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  မေ ၂၃ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ပန်းဖယ်ကျေးရွာအနီးတွင် မောင်ဖိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၆ နာရီခွဲတွင် တန့်ယန်းမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အိုက်ပန်းဦး ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၈၉ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၃,၆၀၀ ကိုလည်းကောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အာကာ(ခ)အွတ်စမန်း မောင်းနှင်လာသည့် Mark II အမျိုးအစားခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးဖြစ်သည့် Happy Water ၃ ဒသမ ၅ ကီလို ကိုလည်းကောင်းဘသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား