ကလောမြို့နယ်၊ ဘော်နင်းရွာသစ်ကျေးရွာတွင် SMART Village စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်း

ကလော ဇူလိုင် ၁၁  

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘော်နင်းရွာသစ် ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိူင်‌ ရေး မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
  
ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင် မောင်ဝင်းက အမှာစကားပြောကြားပြီး ကလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးမြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမူကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးစသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေး အဓိကလုပ်ငန်းစဥ် (၆)ရပ်ဖြင့် ဘော်နင်းရွာသစ်ကျေးရွာတွင်အကောင် အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ထိုနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ ဦးစီးဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များ နှင့်ပက်သက်၍ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေး ပြောကြားပြီး ကျေးရွာသူ/သားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မောင်ခိုင်