ကလောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

ကလော  ဒီဇင်ဘာ  ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင် ကလောမြို့တွင် အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌  ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကလောခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေးက အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာ ၂၇ နှင့် ၂၈ ရက် ၂ ရက် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကလော(ပြန်/ဆက်)