ကလောမြို့နယ်၌ မိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ကလော မေ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မေ ၁၆ ရက် နံနက်ပိုင်းမှစတင်၍ ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ စိုက်ပျိုးရေး တောင်သူများ အတွက် ၂၀၂၂ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်ရန် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် ယခုနှစ်အတွက် ကျေးရွာ အုပ်စု ၂၆ အုပ်စုကို ငွေကျပ် သိန်း ၁၃၂၆၄ ထုတ်ချေးရန်လျာထားကြောင်း၊ ကလောမြို့နယ် ငုံးသုံကျေးရွာအုပ်စုရှိ တောင်သူ ၃၄ ဦး၊ ပင်လောင်းမြို့နယ် လုံးပြင်ကျေးရွာအုပ်စုရှိ တောင်သူ ၃၆ ဦး အတွက် ချေးငွေ ကျပ် ၅၂၂ ဒသမ ၅၀ ကို ထုတ်ချေးပေးခဲ့ကြောင်း ကလောမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်နော်ခင်ထွေးမြင့်ထံမှ သိရှိရသည်။

ကျော်ဝင်း(ကလော)