ကလောမြို့နယ်၌ မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ကလော ဩဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် သီခေါင်ကျေးရွာအုပ်စု၊ သီခေါင်သစ်တောကြိုးဝိုင်း အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က အမှာစကား ပြောကြားပြီး စိုက်ပျိုးမည့်ပျိုးပင်များကို  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး  နှင့် တာဝန်ရှိသူများက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပေးအပ်သည်။

ထို့နောက် ပျိုးပင်များကို စုပေါင်းစိုက်ပျိုးရာ တိုင်းမှူး၊ ကလောမြို့နယ် စစ်ဦးစီးတက္ကသိုလ် တပ်နယ်မှူးနှင့်အဖွဲ့၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကလောတပ်နယ်မှ တပ်မိသားစုဝင်များ၊ သစ်တောသစ်ပင်ချစ်မြတ်နိုးသည့် ပြည်သူများက ထင်းရှူးပင် ၆၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် ကလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများသို့ လူထုဖြန့်ပျိုးပင်ပေါင်း ၄၆၀၀၀ ကျော်ကို ဖြန့်ဝေစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)