ကလောမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေ စစ်ဆေးပေး

ကလော  ၂၅   အောက်တိုဘာ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေစစ်ဆေးပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး အသိပညာပေးခြင်းကို ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အစီအစဉ်ဖြင့် အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် အပတ်စဉ် ကြာသာပတေးနေ့ နေ့လည် ၁ နာရီ မှ ၃ နာရီအထိလည်းကောင်း၊ အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ တွင် အပတ်စဉ် သောကြာနေ့ နေ့လည် ၂ နာရီ မှ ၄ နာရီအထိ လည်းကောင်း၊ ဟဲဟိုးမြို့ ပြည်သူ့ဆေးရုံတွင် အပတ်စဉ် ကြာသာပတေးနေ့ မွန်းလွဲ ၁ နာရီ မှ  ၃ နာရီထိ အခမဲ့စမ်းသပ်ရှာဖွေ စစ်ဆေးပေးလျက်ရှိကြောင်း ကလောမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်အိအိခိုင် ထံမှသိရသည်။

 

ကျော်ဝင်း( ပြန်/ဆက်)