ကလောနှင့် နမ့်စန်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင်   ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းကျေးရွာရှိ မောင်ဆန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၈၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့် ကျေးရွာအနီးတွင် မနန်းသန်းလူ မောင်းနှင်ပြီး မနန်းဆိုင်ဟန် လိုက်ပါလာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား