ကလေးစာပေပွဲတော်(မြိတ်)ကို အထက(၁)ကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြိတ် ၂၇ ဇန်နဝါရီ

 

ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရော်းပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ကျောင်းသား/သူများနှင့် ကလေးငယ်များ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အယူအဆများ ထက်မြတ်လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေးများ၏ အပြောအဆိုနှင့် နှုတ်မှုရေးရာ စွမ်းရည်များ မြင့်မားလာစေရန် စာပေနှင့် ရင်းနှီးပြီး ကလေးများ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန် ရည်ရွယ်ချက်တို့ဖြင့် ကလေးစာပေပွဲတော် (မြိတ်)ကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ(၂၇)ရက် နှင့်(၂၈)ရက်ထိ ကျင်းသွားမည်ဖြစ်သည်။

 

MDN