ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည်

မြိတ် ၂၃ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက် လေ့လာနိုင်ကြောင်း သိရသည်။

 

MDN