ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ဂက်(စ်)မီးဖိုဖြင့် ဟင်းအိုးတည် ထားရာမှ ဆီပူမီးဟပ်၍ လူနေအိမ်နှစ်လုံးမီးလောင်မှုဖြစ်ပွား

ကလေး  ၁   ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ(၁)၊ အိမ်အမှတ် (၁၀၇) နေ ဦးစိန်ခွာလ်လျန်း (၅၅)နှစ်နေအိမ်တွင် ပြည့်ဖြိုးအောင် ၂၂ နှစ် (အိမ်ငှား)သည် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဂက်(စ်)မီးဖိုဖြင့် ဟင်းအိုးတည်ထားရာမှ ဆီပူမီးဟပ်၍ လူနေအိမ်နှစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ နယ်မြေ(၁)နေ ဦးစိန်ခွါလ်လျန်း၏ အလျား ၆၅ ပေ၊ အနံ ၁၄ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ  အဆောက်အအုံသည် ဂက်(စ်)မီးဖိုဖြင့် ဟင်းအိုးတည်ထားရာမှ ဆီပူမီးဟပ်၍ စတင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အဆိုပါနေရာသို့ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မွန်းလွဲ ၂ နာရီခန့်တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အလျား ၆၅ ပေ၊ အနံ ၁၄ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်လူနေအိမ်တစ်လုံး၊ အလျား ၁၈ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ နံကပ်နှစ်ထပ်လူနေအိမ်တစ်လုံး စုစုပေါင်းလူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ချင်းတွင်းသား

 

mdn