ကလေးမြို့၌ ကျောင်းအပ်နှံရေး ပိုစတာစိုက်ထူ

မေ ၁၉ ကလေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ပိုစတာစိုက်ထူခြင်းကို မေလ ၁၉ ရက်၊ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါကျောင်းအပ်နှံရေးပိုစတာများကို ကလေးမြို့နယ်ပညာရေးမှူးရုံး၊ အထက(၁)နှင့် အထက(၃)တို့တွင် စိုက်ထူခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)