ကလေးမြို့နယ် လက်ပန်ချောင်းကျေးရွာအတွင်းမှ လက်နက်ခဲယမ်းများ ဖမ်းမိ

ကလေး  ၅  သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် လက်ပံချောင်းကျေးရွာ အတွင်းမှ တရားမဝင်လက်နက်ခဲယမ်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သြဂုတ် ၄ ရက်နေ့ ည ၈ နာရီ မိနစ် ၅၀ ခန့်တွင် ကလေးခရိုင် မှုခင်းနှိမ်နှင်းရေး တာဝန်ရှိသူများအဖွဲ့သည် ကလေးမြို့နယ်၊ လက်ပန်ချောင်းကျေးရွာ၊ နယ်မြေ(၄)၊(B)ရပ်ကွက်နေ မင်းထန်ဇားဝါ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိသော်လည်း ၎င်းနေအိမ်အိပ်ခန်းအတွင်းမှ အရှည်(၃)ပေ(၇)လက်မခန့်ရှိ Made in CZEGHOSLOVAKIA စာတမ်းပါ 22 သေနတ်(၁)လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၁၁ ထောင်၊ အရှည်(၃)ပေ(၆)လက်မခန့်ရှိ ခါးချိုးလေသေနတ် တစ်လက်၊အရှည်(၂)ပေ၊ (၉)လက်မခန့်ရှိ Made in Sweden စာတမ်းပါ နံပါတ် FX 180386 ပါ လေသေနတ်တစ်လက်၊အရှည်(၃)ပေ(၁၀)လက်မ ခန့်ရှိ BSA-10946 နံပါတ်ပါ နှစ်လုံးပြူးသေနတ်တစ်လက်နှင့် ၎င်းကျည်(၃၉)ထောင့်၊ အရှည်(၆)လက်မခန့်ရှိCAL-45 ACP နံပါတ်ပါ ပစ္စတိုတစ်လက်၊ အရှည်(၈)လက်မ ခန့်ရှိ Made Fort MAREX GERMANY 16F 01985 နံပါတ်ပါ ပစ္စတိုတစ်လက်၊ ဘောစိ(၂၄၀ဝ)တောင့်၊ လေသေနတ်ခဲသီး(၂၀ဝ၀)တောင့်၊(၁)ပေခန့်ရှိ စနိုက်ပါ ပြောင်းအရှည်(၃)ခု၊(၄)ပေခန့်ရှိ စနိုက်ပါပြောင်းအတို(၁)ခုနှင့် အဝေးကြည့်မှန်ပြောင်း(၂)ခုတို့အား ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင်လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူ မင်းထန်ဇားဝါ ကို ကလေးမြို့မရဲစခန်းမှ လက်နက်ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)