ကလေးမြို့တွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

ကလေး  ၁၇  မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၁၂)၊ ကလေး-ကလေးဝလမ်းမကြီးဘေးရှိ  ဦးသန်းညွန့်၏ နိုင်ဟိန်းထက် စက်သုံးဆီအရောင်းဆိုင်တွင် မတ်လ ၁၇ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က ဂါလန် (၄၀ဝ) ဆံ့ ဒီဇယ်ဆီသိုလှောင်ကန် (၁) လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

22

 

ဖြစ်စဉ်မှာ နိုင်ဟိန်းထက် စက်သုံးဆီဆိုင်အတွင်း ဒီဇယ်ပီပါများအတွင်းမှ သိုလှောင်ကန် အတွင်းသို့ စက်ဖြင့်ဆီဖြည့်ရာမှ ပွတ်တိုက်မှုဖြစ်၍ မီးစတင်လောင်ကျွမ်းပြီး ဂါလန် (၄၀ဝ) ဆံ့ ဒီဇယ်ဆီသိုလှောင်ကန် (၁) လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

333

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စန်းနှင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ကိုဌေး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦး၊ ရပ်ကွက်နေ ပြည်သူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်းများမှ မီးသတ်ယာဉ် နှစ်စီး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ကိုအသုံးပြု၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ကြရာ နံနက် ၁၀ နာရီ ခွဲ အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုကြောင့်  ဂါလန် (၄၀ဝ) ဆံ့ ဒီဇယ်ဆီသိုလှောင်ကန် (၁) လုံး၊ ဒီဇယ်ဆီ ဂါလန် (၆၀) ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆမှုတွင်တာဝန်ရှိသူ ဦးသန်းညွန့်ကို ကလေးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

သန်းထိုက်အောင် (ပြန်/ဆက်)

 

4444