ကလေးငယ်များထိန်းသိမ်းထားမှုအပေါ် တောင်းဆိုမှုတွေ များလာတဲ့အတွက် အမေရိကန်နယ်စပ် အကြီးအကဲ နှုတ်ထွက် 

၂၆ ဇွန်

တက်ဆက်ပြည်နယ်မှာ နိုင်ငံရွှေ့ပြောင်းလာတဲ့ကလေးငယ်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေတွေကို လူထုရဲ့ တောင်းဆိုမှုတွေများပြားလာတဲ့အတွက် အမေရိကန် နယ်စပ်ကာကွယ်ရေး အကြီးအကဲက မနေ့က နှုတ်ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပေါင်း ၄၀ အတွင်းမှာ နိုင်ငံရွှေ့ပြောင်းလာတဲ့ ကလေးငယ် ၆၀ဝ၀ဝ ကို အချုပ်ခန်းတွေထဲ ထည့်ထားခဲ့လို့ သိရပါတယ်။ 

 

05

 

နိုင်ငံဖြတ်ကူးလာတဲ့ကလေးငယ်တွေကို တက်ဆက်နယ်စပ်ရှိ ဓါတ်ဆီဆိုင်မှာ ထိန်းသိမ်းထားရာ (CBP) မှာ ကလေးငယ်အချို့သေဆုံးခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အောက်လွှတ်တော်ရဲ့ ဒီမိုကရက်ပါတီဝင်တွေက နိုင်ငံတောင်ပိုင်းနယ်စပ်ကို လူသားခြင်းဆိုင်ရာ အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကို ပေးအပ်ခဲ့ပါတယ်။ 

 

052

 

ပြီးခဲ့တဲ့ တနင်္လာနေ့က ကလေး ၂၅၀ နီးပါးကို ထိန်းသိမ်းထားတဲ့ စခန်းကနေထုတ်သွားခဲ့ပြီး ၁၀ဝ နီးပါးကို CBP ကို ပြန်ပို့ခဲ့တဲ့လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

CBP မှာ ကလေးငယ်တွေအတွက် ရေချိုးစရာမရှိခြင်း၊ သန့်ရှင်းတဲ့အဝတ်အစားဝတ်စရာ မရှိခြင်း၊ ဆပ်ပြာမရှိခြင်းနဲ့ တချို့ဆိုရင် သီတင်းပတ်အနည်းအထိ ရေချိုးခွင့်မရရှိခြင်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာသော ကလေးငယ်အများစုပါတဲ့ မိသားစုတွေဟာ အမေရိကအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဂွာတီမာ၊ ဟွန်ဒူးရပ်နဲ့ အယ်ဆာဗားတိုးနိုင်ငံတွေက ဖြစ်ပါတယ်။ ရွှေ့ပြောင်းလာတဲ့မိသားစုတွေဟာ မူရင်းနိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုနဲ့ လူဆိုးဂိုဏ်တွေရဲ့ အကြမ်းဖက်မှုတွေ ကနေ ရှောင်ရှားရန် အတွက်ဖြစ်ပါတယ်။  အဲဒီသုံးနိုင်ငံကို ကမ္ဘာပေါ်မှာ  အန္တရာယ်အများဆုံးနိုင်ငံလို့ ကုလသမဂ္ဂက ရည်ညွှန်းခေါ်ဆိုထားပါတယ်။ 

MDN
ကိုးကား - AFP