ကလေးဝမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်

ကလေးဝ  ၂၂   ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ မိုးဦးကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့်ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ဇွန်လပထမအပတ်မှစတင်၍ အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးအဖွဲ့များ ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ဇွန် ၂၂ နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်သုံးရပ်ကွက်ရှိ အိမ်ခြေပေါင်း ၁၆၂၀အား ခြင်းပေါက်ပွားမှု မရှိစေရန် ဖုံး၊သွန်၊ လဲ၊ စစ် စစ်ဆေးခြင်း ရေလှောင်ကန်၊ ရေစည်ရေအိုးနှင့် ရေတိုင်ကီများတွင် အဘိတ်ဆေးခတ်ခြင်း၊ စာသင်ကျောင်းများတွင် ကျောင်းပိတ်ချိန်၌ ခြင်ဆေးဖြန်းခြင်း လူနေရပ်ကွက်အတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများတွင် ခြင်ဆေး ဖြန်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အဆိုပါ ပူးပေါင်းအဖွဲ့က အဖွဲ့များခွဲကာ အိမ်တိုင်ရာရောက် လိုက်လံ၍ အပတ်စဉ် အိမ်ခြေ ၁၀ဝ ခန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

သက်ဟန်(ကလေးဝ)