ကလိန်အောင်မြို့ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၈၄၀၀ ဖမ်းဆီးရမိ

ထားဝယ်       ဇူလိုင်        ၁၅

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်ပေါ်မှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၈၄၀၀ ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ထားဝယ်မြို့၊ အမှတ်(၃၃) မူးယစ်တပ်ဖွဲ့စုမှ ဒုတိယရဲအုပ်တင်ကိုကို ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်း စည်သူအောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခင်သူမင်းနှင့် ခရီးသည်များ လိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ထိုင်ခုံအမှတ်(၁၃)၌ လိုက်ပါလာသူ ဒေါ်လှလှသိန်း၊ အသက်(၅၄)နှစ်၊ စစ်ဆီးတော(၁)လမ်း၊ ကွမ်းခြံကုန်း ကျေးရွာ၊ ဘုရားကုန်းကျေးရွာအုပ်စု၊ သန်လျင်မြို့နေသူ၏ ခြေထောက်ကြားတွင် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ် တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတန်းပါ လိမ္မော်ရောင် ဆေးပြား ၂၀၀ စီပါ အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ငယ် ၁၄၂ အိတ် စုစုပေါင်း ဆေးပြား ၂၈၄၀၀၊ အလေးချိန် ၂၈၄၀ ဂရမ်ခန့်နှင့် လက်ကိုင်ဖုန်းတစ်လုံးကို ရှာဖွေတွေ့ ရှိသိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများများ လက်ဝယ်တွေ့ရှိသူ ဒေါ်လှလှသိန်းအား ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

SPL(ထားဝယ်)