ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၌ လုယက်မှုဖြစ်ပွား

ကမာရွတ် ၁၁ သြဂုတ်



ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် ရတနာမြိုင်လမ်း ရွှေကွန်း ကွန်ဒို အမှတ်(၁၈/B2) ၌ သြဂုတ် ၁၀ ရက် ည ၈ နာရီခန့်က ဦးကျော်မိုး (ကနေဒါနိုင်ငံသားခံယူထားသူ) အသက်(၄၈)နှစ်သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ်  ၎င်းနှင့် ခင်မင်ရင်းနှီးသူ မနီနီဝင်း ရောက်ရှိလာပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ထပ်မံ၍ အသက်(၂၅)နှစ်ခန့်အမျိုးသား (၃)ဦး ရောက်ရှိခဲ့ပြီး ဦးကျော်မိုးအား ဖမ်းချုပ်၍ ပါးစပ်အား တိပ်ဖြင့် ချည်နှောင်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ ပေါင်အားဓားဖြင့်မွှန်းခြင်းတို့ ပြုလုပ်ခဲ့ပြီး ဦးကျော်မိုးပိုင်ဆိုင်သည့် IPhone  တစ်လုံး၊I Pad တစ်လုံးတို့အား ယူဆောင်၍ ပြန်လည်ထွက်ခွာသွား ကြောင်း သိရသည်။

 

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်အောင်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးဒေါ်    သန်းမြင့်၊ ဦးစီးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိလာပြီး ဆက်လက်စုံစမ်းစစ် ဆေးဖော်ထုတ်အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)