ကမာရွတ်မြို့နယ်ရှိ ကုန်တိုက်ကြီး(Shopping  Mall)များ ပုံမှန်ဖွင့်လှစ်ရောင်းချ

ရန်ကုန်   ဖေဖော်ဝါရီ   ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ဂမုန်းပွင့်ကုန်တိုက်၊ စိန်ဂေဟာ၊ လှည်းတန်းစင်တာ၊ Time  Mall၊ Jewellery Mall၊ AK Concept Mall၊ Junction Square တို့တွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပုံမှန်ရက်များအတိုင်း စျေးရောင်း စျေးဝယ်များ ဝယ်ယူရောင်းချလျက်ရှိကြသည်။

အဆိုပါ စျေးရောင်းချနေမှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စျေးများ ဖွင့်လှစ်ရောင်းချမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)