ကမာဝက်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး အိမ်များအတွင်း ရေများဝင်ရောက်

မုဒုံ သြဂုတ် ၁၆

မွန်ပြည်နယ်၊ ကမာဝက်မြို့တွင် မိုးသည်ထန်းစွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းမှစ၍  ရေကြီးရေလျှံမှုဖြစ်ပွားကာ အိမ်များအတွင်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ကမာဝက်ချောင်းအတွင်းသို့ တောင်ကျရေ စီးဆင်းမှု များပြားလာပြီး ချောင်းရေကျော်ကာ တံတားဦး ရပ်ကွက်၊ သိမ်ကုန်းရပ်ကွက်၊ စိန်တောင်ရပ်ကွက် လမ်းအချို့နှင့် အိမ်များအတွင်း ရေအမြင့် နှစ်ပေခန့် ဝင်ရောက်လျက်ရှိကြောင်း၊ ပြောင်းရွှေ့ရန် လိုအပ်ပါက ဘေးလွတ်ရာနေရာ ကြိုတင်စီစဉ်ထားရှိကြောင်း မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

သားငယ်(မုဒုံ)