ကမ္ဘာ့အကောင်းဆုံးအသင်းစာရင်းတွင် မန်စီးတီးအသင်း နံပါတ်တစ်နေရာမှ ရပ်တည်

mdn

၁၇ ဇူလိုင်

 

မန်စီးတီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းသတ်မှတ်ချက်စာရင်းတွင် နံပါတ် (၁) နေရာက ရပ်တည်နေပြီး မန်ယူအသင်းကတော့ ယန်းဘွိုင်းအသင်း၊ အီဘားအသင်းတို့ရဲ့နောက်မှာ အဆင့် ၃၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

 

အဆင့် (၂) နေရာမှာ ဘိုင်ယန်မြူးနစ်အသင်း၊ အဆင့် (၃) နေရာမှာ လီဗာပူးအသင်း၊ အဆင့် (၄) နေရာမှာ ဘာစီလိုနာအသင်း၊ အဆင့် (၅) နေရာမှာ ချယ်လ်ဆီးအသင်း၊ အဆင့် (၆) နေရာမှာ ပီအက်စ်ဂျီအသင်း၊ အဆင့် (၇) နေရာမှာ ရီးယဲလ်မက်ဒရစ်အသင်း၊ အဆင့် (၈) နေရာမှာ အက်သလက်တီကို မက်ဒရစ်အသင်း စသဖြင့် အသီးသီး ရပ်တည်နေပြီး အေဂျက်အသင်းက အဆင့် (၁၀)၊ စပါးအသင်းက အဆင့် (၁၂)၊ အင်တာမီလန်အသင်းက အဆင့် (၁၄)၊ ဂျူဗင်တပ်အသင်းက အဆင့် (၁၅)၊ ဒေါ့မွန်အသင်းက အဆင့် (၂၅)၊ အဲဗာတန်အသင်းက အဆင့် (၂၆)၊ အာဆင်နယ်အသင်းက အဆင့် (၂၈) အသီးသီးရပ်နေပါတယ်။ 

 

နည်းပြ ဆိုးရှားရဲ့ မန်ယူအသင်းကတော့ ရီးယဲလ်၊ ဆိုစီဒက်အသင်း၊ ဘင်ဖီကာအသင်း၊ ယန်းဘွိုင်းအသင်း၊ အီဘားအသင်းတို့ရဲ့နောက်မှာ အဆင့် (၃၄) နေရာ ကနေ ရပ်နေတာဖြစ်ပါတယ်။

 

နိုင်လင်းကြည်