ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်

၁၀ ဒီဇင်ဘာ

 

ဖင်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန်ကို အသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်က ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုပြီး ထမ်းဆောင်မှာဖြစ်ပါတယ်။

 

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အန်တီ ရင်းနီက ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်လိုက်တဲ့အတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီး မာရင်ကို သူမရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကနေ ရွေးချယ်လိုက်တာဖြစ်ပါတယ်။ မာရင်ဟာအသက် ၂၇ နှစ်အရွယ်မှာ သူမနေထိုင်ရာ ထမ်ပီရီမြို့ ရဲ့ မြို့ကောင်စီကို ဦးဆောင်သူအဖြစ် ၂၀၁၂ ခုနှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး ဇွန်လကစပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖြစ်လာပါတယ်။

 

mdn

 

ဝန်ကြီးချုပ် ရင်းနီဟာ စာတိုက်အလုပ်သမားသပိတ်ကို ဖြေရှင်းပုံအပေါ်မှာ မဟာမိတ်တွေရဲ့ ထောက်ခံမှု ကျဆင်းခဲ့တဲ့အတွက် တာဝန်ကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

 

ဖင်လန်ဝန်ကြီးချုပ်ဟာ အမျိုးသမီးဖြစ်ယုံသာမက အစိုးရရဲ့ မဟာမိတ်အဖွဲ့ပါတီ လေးပါတီရဲ့ ခေါင်းဆောင်တွေဟာလည်း အမျိုးသမီးတွေဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမျိုးသမီးတွေက အသက် ၃၅ နှစ် နဲ့ ၃၅ အောက်တွေသာ ဖြစ်ပါတယ်။

 

mdn

 

မာရင်က သူ့ငယ်ဘဝဟာ ဆင်းရဲတဲ့မိသားစုက မွေးဖွားသူဖြစ်ပြီး ကောင်းမွန်တဲ့ လူမှုဖူလုံရေးစနစ်နဲ့ ဖင်လန်ပညာရေးစနစ်သာ မရှိခဲ့ဘူးဆိုရင် သူဟာ အောင်မြင်မှုမရနိုင်ဘူး။ သူမရဲ့ အမေနဲ့ အမေရဲ့ အမျိုးသမီးပါတနာတို့က ပြုစုစောက်ရှောက်ခံခဲ့တဲ့အတွက် သက်တံ့ရောင်မိသားစုရဲ့ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနဲ့ မျှတမှုတွေဟာသူမဘဝအတွက် အရေးပါခဲ့တယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။

 

မာရင်မှာ နှစ်နှစ်အရွယ်သမီးတစ်ယောက်ရှိရာ သူမရဲ့ ခင်ပွန်းနဲ့ မိခင်တို့က ကလေးစောင့်ရှောက်ရေးအတွက် လိုအပ်တာတွေ လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရာမှာ အနှောက်အယှက် မဖြစ်ဘူးလို့ ပြောပါတယ်။

 

MDN

ကိုးကား -AFP