ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားအဖြစ် ဒီဂီယာ ရပ်တည်နေ

၁၈ စက်တင်ဘာ

 

မန်ယူဂိုးသမားဒေးဗစ်ဒီဂီယာဟာ စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုလိုက်တာကြောင့် အိုးထရက်ဖို့ဒ်မှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဒီဂီယာဟာ လက်ရှိမှာ တစ်ပတ်လုပ်ခလစာပေါင် ၃၇၅၀ဝ၀ နဲ့   စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပြီး အခုစာချုပ်အရ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ရရှိမှာဖြစ်ပါတယ်။ အသက်၂၈ နှစ်အရွယ် ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းမှာ ဝင်ငွေအများဆုံး ကစားသမားလည်း   ဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းမှာ ဒုတိယဝင်ငွေ အများဆုံး ကစားသမားကတော့ ကွင်းလယ်ကစားသမား ပေါ့ဘာဖြစ်ပြီး ပေါ့ဘာဟာ တစ်ပတ်လုပ်ခလစာပေါင် ၂၉၀ဝ၀ဝ ရရှိထားတာ ဖြစ်ပါတယ်။ မာကွီယာက တစ်ပတ်ပေါင် ၂၅၀ဝ၀ဝနဲ့ တတိယဝင်ငွေအများဆုံး၊ မာရှယ်လ်နဲ့ ရက်ရှ်ဖို့ဒ်က တစ်ပတ်ပေါင် ၁၆၀ဝ၀ဝ စီနဲ့ စတုတ္ထနဲ့ ပဉမအသီးသီး ဝင်ငွေအများဆုံးစာရင်းမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 


ဂိုးသမား ဒီဂီယာဟာ အခုစာချုပ်သစ်ချုပ်ဆိုမှုအရ ရီးယဲလ်မက်ဒရစ်ဂိုးသမား    ကော်တိုရစ်၊ ချယ်လ်ဆီးဂိုးသမား အရီဇာ ဘလာဂါ၊ ဘိုင်ယန်မြူးနစ်ဂိုးသမား နျူအာ၊ အက်သလက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အောဘလက်တို့ အထက်မှာ ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမား  အဖြစ်လည်း   ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းကို ၂၀၁၁ ခုနှစ်က ရောက်ရှိလာတာဖြစ်ပြီး လက်ရှိ အချိန်အထိ ပွဲပေါင်း  ၂၈၀ ကျော် ပါဝင်ကစားပေးထားပြီး ဖြစ်ပါတယ်။


နိုင်လင်းကြည်