စက်တင်ဘာ ၂၂

ကမ္ဘာ့ဈေးကွက်တွင် ဗီယက်နမ်ကော်ဖီဈေးနှုန်းသည် ယခုသီတင်းပတ်တွင် စံချိန်တင်မြင့်တက်ခဲ့သည်ဟု ယမန်နေ့က ဒေသတွင်းသတင်းစာ VnExpress တွင် ဖော်ပြထားသည်။

Robusta ကော်ဖီဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၆၈၀၀၀ ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉ )ရှိကာ ယခုနှစ်အစပိုင်းမှစတင်ကာ ၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

အဆိုပါကော်ဖီဈေးနှုန်းမြင့်တက်မှုသည် နှစ်ပေါင်း ၃၀ အတွင်း ဗီယက်နမ်ကော်ဖီဈေးနှုန်းအမြင့်မားဆုံးဖြစ်သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ကော်ဖီဈေးနှုန်းများမြင့်တက်ရခြင်း၏အကြောင်းရင်းတစ်ခုမှာ ပြီးခဲ့သည့်ရာသီက လက်ကျန်များရောင်းချပြီးချိန်၊ ဆွတ်ခူးရာသီသို့ မရောက်ရှိသေးသဖြင့်ဖြစ်ကြောင်း Dak Lak  ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး Vu Duc Con က ပြောကြားသည်။

ယခုနှစ်ပထမရှစ်လအတွင်း ကော်ဖီတန်ချိန် ၈၀၀၀ တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၈၅ သန်း ဝင်ငွေရရှိခဲ့သည်ဟု သိရသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာနိုင်ငံများတွင်  ဘရာဇီးနိုင်ငံပြီးလျှင် ဒုတိယကော်ဖီတင်ပို့မှုအများအဖြစ် နိုင်ငံတကာ ကော်ဖီအဖွဲ့အစည်းက သတ်မှတ်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို