၂၄ မတ်
ကမ္ဘာကျော် ကန်ထရီးတေးဘုရင် ကန်နီရော်ဂျာစ် အသက် ၈၁ နှစ် မတ် ၂၀ ရက်နေ့က ကွယ်လွန်ကြောင်း မိသားစုပြောပါတယ်။

ရော်ဂျာစ်ဟာ နေအိမ်မှာအေးအေးချမ်းချမ်းနဲ့ သေဆုံးခဲ့တာဖြစ်ပြီး မိသားစုဝင်တွေလည်း ဘေးမှာရှိခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် လူအများမပါတဲ့ မိသားစုအစီအစဉ်နဲ့သာ သဂြိုလ်သွားမယ်လို့ သိရပါတယ်။
ဂရမ်မီ ဆု သုံးကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ကန်ထရီး တေးဘုရင်ရဲ့ "The Gambler" သီချင်း "Lucille" သီချင်း နဲ့ ဒေါ်လီပတ်တန်နဲ့ စုံတွဲသီဆိုတဲ့ "Islands in the Stream" သီချင်းတွေအပါအဝင် သီချင်းတော်တော်များများဟာ လူကြိုက်များနေဆဲ သီချင်းတွေဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ သီချင် အခွေပေါင်း သန်းချီရောင်းခဲ့ရပြီး အခွေနှစ်ဆယ်ဟာ ပလပ်တီနမ် အမှတ်အသားရခဲ့ကြောင်း သိရပါတယ်။
ရော်ဂျာစ်ဟာ ငါးကြိမ်တိုင်လက်ထပ်ခဲ့ပြီး ကွယ်လွန်ချိန်မှာဇနီး ဝမ်ဒါနဲ့အတူ ရှိခဲ့ပါတယ်။ အမွှာသားနှစ်ဦး အပါအဝင် သားသမီးငါးဉီးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP