ရန်ကုန်      မေ     ၁၈

ဂျပန်နိုင်ငံ   ရှင်ဇူအိုကာမြို့တွင် ၂၀၂၆ ခုနှစ် မေ ၂၆ ရက် မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်သွားမည့် World Championships, Para Swimming World Series Fuji-Shizuoka 2026 ပြိုင်ပွဲအား မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ   ရေကူးအားကစားသမား  မောင်ညီညီလင်းထက်  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ အုပ်ချုပ်သူဒေါက်တာ လောဟအောင်နှင့်အတူ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုလေးခု ရရှိခဲ့သော ရေကူးအားကစားသမား မောင်ညီညီလင်းထက်သည် မီတာ ၅၀ ရင်ပေါင်တန်းကူး၊ မီတာ ၅၀၊ ၁၀၀၊ ၂၀၀ အလွတ်ကူးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်‌ကြောင်း သိရသည်။                                   

ဗလ