ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ အကူအညီ ဗင်နီဇွဲလား ဒုတိယအကြိမ်ရရှိ 

၁၈ ဇွန်

 


ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ လူသားချင်းဆိုင်ရာအကူအညီတွေဖြစ်တဲ့ ဆေးဝါးနဲ့ မီးစက်များအပါအဝင် ကုန်ပစ္စည်း ၂၄ တန်ကို မနေ့က လက်ခံရှိခဲ့ပါတယ်။ အဲဒီထောက်ပံ့ရေးပစ္စည်းတွေဟာ ပနားမားအစိုးရကနေ ကူညီတယ်လို့ သိရပါတယ်။ 

 

ုအပ

 

ဗင်နီဇွဲလားကြက်ခြေနီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆေးဝါးများ၊ ဆေးဖက်ဆိုင်ရာ အကူအညီများနဲ့ မီးစက်များကို လက်ခံရရှိခဲ့ပြီး အဲဒီပစ္စည်းတွေကို နိုင်ငံတဝန်းရှိ ဆေးရုံတွေကို ဖြန့်ဝေသွားမယ်လို့ ရေးသားထားပါတယ်။ 

 

ရေနံကြွယ်ဝချမ်းသာသော နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကတည်းက စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးအဆမတန် ဖောင်းပွမှုတို့ကြောင့် အစားအစားနဲ့ဆေးဝါး ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ပါတယ်။ ကုလသမဂ္ဂရဲ့အဆိုအရ ဗင်နီဇွဲလားနိုင်ငံသား သန်း ၃၀ လောက်ဟာ အရေးပေါ်အကူအညီတွေ လုပ်နေကြောင်း သိရပါတယ်။ 

 

ါျ၆

 


ဆိုရှယ်လစ်သမ္မတ နီကိုလပ်မာဒူရို က ကြက်ခြေနီအဖွဲ့ရဲ့ အကူအညီကို ဧပြီလက ပထမအကြိမ် လက်ခံပါတယ်။ ICRC ရဲ့ လူသားချင်းဆိုင်ရာအကူအညီတွေက နိုင်ငံရဲ့ပြဿနာကို ဖြေရှင်းထားမဟုတ်ဘူးလို့ သတိပေးထားပါတယ်။ 

 

MDN
ကိုးကား- AFP