ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့နှင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်

mdn

သတင်းဆောင်းပါး - မြင့်မြတ်ရန်ပိုင်

 

ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့ (၂၀၂၀) ဇွန်လ ၁၂ ရက်နေ့သည် ကမ္ဘာ့ကလေးအလုပ်သမား ပပျောက်ရေးနေ့ ဖြစ်ပါသည်။ နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ကလေးအလုပ်သမား ပပျောက်ရေးနေ့အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စတင်သတ်မှတ်ခဲ့ပြီး ဦးတည်ချက်၊ အကြောင်းအရာခေါင်းစဉ်တစ်ခုစီကို နှစ်စဉ် သတ်မှတ်ကာ ကမ္ဘာအနှံ့နိုင်ငံတိုင်းတွင် ကလေးအလုပ် သမား ပပျောက်ရေးအခမ်းအနားများ၊ အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပခဲ့ကြသည်။ ယခု ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ကလေးအလုပ်သမား ပပျောက်ရေးနေ့ အတွက် အကြောင်းအရာ၊ ခေါင်းစဉ်အဖြစ် ကိုဗစ်-၁၉၊ ကလေး များအား ကလေးအလုပ်သမားမဖြစ်စေဖို့ ယခင်ကထက် ပိုတိုးလို့ ယခုပင် ကာကွယ်စို့ “CoVID-19; Protect children from child labour, now more than ever" ဟု သတ်မှတ်ပေးထားပါသည်။

 

ယမန်နှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါသည် မည်သူကမျှ ကြိုတင်ခန့်မှန်းထားနိုင်ခြင်း မရှိဘဲ ကမ္ဘာ့နိုင်ငံများကို ကပ်ရောဂါအသွင် အံ့သြတုန်လှုပ် ဖွယ်ရာ ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံး စေခဲ့သည်သာမက ကမ္ဘာ့စီးပွားရေး၊ အလုပ်အကိုင်နှင့် အလုပ်သမား ဈေးကွက်အပေါ်တွင်လည်း ကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာကာ ဝင်ငွေလျော့ နည်း ဆုံးရှုံးမှု၊ အလုပ်လက်မဲ့ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ပါ သည်။ ယင်းသို့ဖြစ်ပွားခဲ့ရာတွင် ထိရှလွယ်သည့်အုပ်စုတွင်ရှိနေသည့် ကလေးများသည်လည်း ဆိုးကျိုးသက် ရောက်မှုများကို ရှေ့တန်းမှ ထိခိုက်နစ်နာခံစားခဲ့ကြရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးဆက်ဖြစ်သည့် လက်ရှိကမ္ဘာ့စီးပွားရေး အကျပ်အတည်းများကြောင့် ကလေးသန်းပေါင်းများစွာသည် ကလေးအလုပ်သမား အဖြစ်သို့ရောက်ရှိသွားနိုင်ပါသည်။ ကမ္ဘာ့စစ်တမ်းများအရ ကလေးအလုပ်သမာ။ ၁၅သန်းခန့်သည် ကလေးအလုပ် သမားများအဖြစ် အလုပ်လုပ်နေကြရပြီး ၎င်းအထဲမှ ၇၂ သန်းခန့်သည် အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေကြရကြောင်း သိရသည်။ အဆိုပါ ကလေ။ အလုပ်သမားများသည် ပိုမိုခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေကြရပြီး ခက်ခဲ၍ အန္တရာယ် ရှိသည့်အလုပ်များကို အလုပ်ချိန်ရှည်ကြာစွာ လုပ်ကိုင်နေကြရပါသည်။ ကိုဗစ်-၁၉ကပ်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေသည့် ယခုအချိန်ကာလတွင် ကလေးများအာ။ ကလေးအလုပ်သမားမဖြစ်လာစေရေ။ ယခင်ကာလ များထက် ပိုမိုကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်သည့် အကြောင်းအရာကို ယခုနှစ်အတွက် ဦးတည်ချက် ခေါင်းစဉ်အဖြစ် သတ်မှတ်ခြင်းသည် အချိန်အခါ အခြေအနေနှင့် အလွန် လိုက်ဖက်ဆီလျော်သည်ဟု ဆိုရပါမည်။

 

ယခုနှစ်တွင် ကမ္ဘာ့ကလေးအလုပ်သမာ။ပပျောက် ရေးနေ့ အခမ်းအနားနှင့် လှုပ်ရှားမှုများကို အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) သည် The Global March Against Labour 329 The International Partnership for cooperation on child labour in Agriculture (IPCCLA) စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများရှိ ကလေးအလုပ်သမားများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖွဲ့ တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ပူးပေါင်း၍ ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် ကလေး အလုပ်သမားများနှင့် ကလေးအလုပ်သမားလျော့နည်။ ပပျောက်ရေးဆောင်ရွက်မှုများအပေါ် အကျိုးသက်ရောက် မှုများ စာတမ်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သွားရန်ရှိပြီး ၎င်းစာတမ်းနှင့် ကိုဗစ်-၁၉ အကျပ် အတည်းကာလအတွင်းမှ ကလေးအလုပ်သမားများ၏ ရှေ့အနာဂတ်ကို မျှော်ကြည့်ခြင်းခေါင်းစဉ်ဖြင့် အဆင့်မြင့် အရာရှိကြီးများက Onlineမှတွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရပါသည်။

 

အလားတူ မြန်မာနိုင်ငံရှိ ILO ဆက်သွယ်ညှိနှိုင်းရေးရုံး အနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနေ့ လှုပ်ရှား မှုကာလကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၂ ရက်နေ့မှ စက်တင် ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ထားပြီး လှုပ်ရှားမှု များအဖြစ် သတင်းစာရှင်းလင်းပွဲများ၊ သတင်းထုတ်ပြန်မှုများ ပြုလုပ်ခြင်း၊ လူမှုမီဒီယာများဖြစ်သည့် Facebook Twitter အပါအဝင် အခြားသောမီဒီယာများ၊ Website များမှတစ်ဆင့် အသိပညာပေးခြင်း၊ ထုတ်ပြန်ကြေညာခြင်း များ ပြုလုပ်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Bill Board များ၊ ပိုစတာများစိုက်ထူခြင်း၊ တီဗွီနှင့် ရေဒီယို များမှတစ်ဆင့် ကလေးအလုပ်သမားပပျောက်ရေး ဇာတ်လမ်းတိုများ ထုတ်လွှင့်ပြသခြင်းနှင့် ရန်ကုန်မြို့ရှိ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၌ ဓာတ်ပုံပြပွဲများ ပြုလုပ်ခြင်းများ လုပ်ဆောင်ရန်စီစဉ်ထား ကြောင်း သိရှိရသဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရှင် အဖွဲ့ အစည်းများ၊ အလုပ်သမားအဖွဲ့ အစည်းများကလည်း ပူးပေါင်းပါဝင် လှုပ်ရှားဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါ သည်။

 

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး

 

စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမား ၁၅၂ သန်းခန့်ရှိရာ ၇ ဒသမ ၄ ရာခိုင်နှုန်းသည် အာရှနှင့် ပစိဖိတ်ဒေသတွင် ရှိနေကြပြီး စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍများတွင် အများစု ရှိနေကာ အလုပ်လုပ်ကိုင်နေကြရကြောင်းကိုလည်း လေ့လာသိရှိရပါသည်။ ၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သော နှစ်စဉ် လုပ်သားအင်အားစစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ် အကြား ကလေးဦးရေ ၁၂ ဒသမ ၃၈ သန်းကျော်ရှိရာ ကလေးလုပ်သား လေးသိန်းကျော်ရှိပြီး သုံးသိန်းကျော်သည် အန္တရာယ်ရှိသည့်အလုပ်များတွင် လုပ်ကိုင်ရသော အသက် ၁၈ နှစ်အောက် ကလေးများဖြစ် သည်ကို တွေ့ရသည်။

 

နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ မြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများကလည်း ကလေး အလုပ်သမားအသုံးပြုရသည့် အဓိကအခြေခံအကြောင်း အရင်းများနှင့် တိုက်ရိုက်ဆက်စပ်နေပြီး ယနေ့ကမ္ဘာ့နိုင်ငံ များတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုပြောင်းလဲ ခြင်းဆိုင်ရာ Global climate Change ၏ အကျိုးဆက် များဖြစ်သည့် မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ ငလျင် လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်ရခြင်း၊ ဆင်းရဲနွမ်းပါးမှုများ၊ လူမှုစီးပွားရေးဘဝ အကျပ်အတည်းများ ဖြစ်ပေါ်လာပြီး ကလေးအလုပ်သမားများအဖြစ်သို့ ရောက်ရှိသွားကြရသည်။

 

ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (SDG 8.7)တွင် ကလေးအလုပ်သမား ပပျောက်ရေးကို ရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လည်း ကလေးအလုပ်သမားပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP) တွင် မဏ္ဍိုင်(၃) ။ ပန်းတိုင် (၄)၊ မဟာဗျူဟာ ၄ ဒသမ ၃ တွင် ကလေး အလုပ်သမားပပျောက်ရေးအတွက် လုပ်ငန်းစဉ်များကို တိကျစွာသတ်မှတ်ထည့်သွင်းဖော်ပြလျက် ထိရောက်စွာ အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည်။

 

မြန်မာနိုင်ငံသည် အဆိုးရွားဆုံးပုံစံဖြင့် ကလေး အလုပ်သမားဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် (၁၈၂)ကို ဒေသတွင်း အာဆီယံနိုင်ငံများနည်းတူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် လက်ခံအတည်ပြုလက်မှတ်ရေးထိုးခဲ့ ပြီး အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ်(၁၃၈) ကို အစိုးရနှင့် လွှတ်တော်တို့မှ အတည်ပြုသဘောတူခဲ့ပြီး ဖြစ်သဖြင့် လက်မှတ်ရေးထိုးနိုင်ရေး သတ်မှတ်လုပ်ငန်း စဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

 

မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်

 

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားပပျောက် ရေးကို အလေးထားလုပ်ဆောင်လျက်ရှိရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီး အဖွဲ့ဝင် ၂၃ ဦးပါဝင်သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမိန့်ကြော်ငြာ စာထုတ်ပြန်၍ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၈)ရပ်ကို လည်း သတ်မှတ်ပေးခဲ့သည်။

 

အမျိုးသားကော်မတီ ဖွဲ့စည်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရေးအတွက် အသိပညာနှင့် ဗဟုသုတများ တိုးမြှင့်လာစေရန်၊ နိုင်ငံ တကာ စံချိန်စံညွှန်းများနှင့်အညီ လိုအပ်သည့် ဥပဒေများ ကိုပြင်ဆင်ရေးဆွဲရန်၊ ကလေးအလုပ်သမားပြဿနာအပေါ် ဖြေရှင်းနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့ အစည်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ တာဝန်ဝတ္တရားများ ချမှတ်၍ တိုးတက်မှုကိုအကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကိုရေးဆွဲ၍ ကလေး အလုပ်သမားပပျောက်ရေး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကလေးအလုပ်သမားဆိုင်ရာ ဥပဒေပါအကြောင်းအရာ

 

ကလေးအလုပ်သမားနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် တရားဝင်အလုပ်လုပ်ကိုင်နိုင်သော အနိမ့် ဆုံးအသက်အရွယ်အောက်ရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးများကိုသော်လည်းကောင်း သို့မဟုတ် အသက်အရွယ်အရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသော်လည်း ၎င်းတို့၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် ပညာသင်ကြားရေးတို့ကို ထိခိုက် စေသည့် အလုပ်တွင် လုပ်ကိုင်နေရသည့် ကလေးများကို သော်လည်းကောင်း ဆိုသည်ဟု ပါရှိသည်။

 

မြန်မာနိုင်ငံ၏ဥပဒေများတွင် ကလေးသူငယ်နှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်)၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေတို့တွင် ကလေး သူငယ်နှင့်ပတ်သက်သည့် အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်သည့် ပြဋ္ဌာန်းချက်များ ပါရှိသည်။

 

ကလေးအလုပ်သမားနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများတွင် အသက် ၁၄ နှစ်ပြည့်ပြီးက ဆရာဝန်၏ အလုပ်လုပ်ရန်သင့်လျော်ကြောင်း ဆေး ထောက်ခံချက်ဖြင့် စတင်လုပ်ကိုင်နိုင်ကြောင်း၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား ကလေးများမှာ ဆရာဝန်၏ ထောက်ခံချက်ရရှိပါက လူကြီးလုပ်သားကဲ့သို့ လုပ်ကိုင်ခွင့် ရှိကြောင်း၊ အသက် ၁၄ နှစ်နှင့်၁၆ နှစ်ကြား ကလေးအလုပ် သမားများ၏ တစ်နေ့အလုပ်ချိန်ကို ၄ နာရီသာ ခွင့်ပြုထားကြောင်း၊ ညနေ ၆ နာရီနှင့် နောက်တစ်နေ့ နံနက် ၆ နာရီ အကြား ခိုင်းစေခွင့်မရှိကြောင်း၊ ခွင့်ရက်၊ အလုပ်ပိတ်ရက် များကိုလည်း လူကြီးအလုပ်သမားကဲ့သို့ ခံစားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

 

ကလေးအလုပ်သမားများကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့၏ ပြဋ္ဌာန်းချက်အမှတ် (၁၈၂) ပါ ခြွင်းချက်ထား၍ လက်သင့်ခံနိုင်ခြင်းမရှိသည့် အလုပ်များတွင် ခိုင်းစေခံရသည့် ကလေးအလုပ်သမားအုပ်စုများကို ဆိုလိုပါသည်။ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းတွင် ကလေး သူငယ်များအနေဖြင့် ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ စီးပွားရေးအရ လိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေး၊ ရောင်းဝယ်ရေးလုပ်ကိုင် စေခိုင်းခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တရား မဝင်လုပ်ငန်းများတွင် အသုံးပြုခံရခြင်းများ ပါဝင်ကြောင်း လေ့လာသိရှိရသည်။

 

အန္တရာယ်ရှိသည့်လုပ်ငန်း သို့မဟုတ်အန္တရာယ်ရှိသည့် အလုပ်ဆိုသည်မှာ ကလေးများအနေဖြင့် ၎င်းတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်း သို့မဟုတ် အကျင့်စာရိတ္တပိုင်းဆိုင်ရာ ထိခိုက် စေသည့်အလုပ်တွင် လုပ်ကိုင်နေရသည့် ဖြစ်ရပ်ကို ဆိုလိုပြီး အဆိုပါအချက်တွင် သတ်မှတ်အလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်ရခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းနှင့် ညအချိန် လုပ်ကိုင်ရခြင်းတို့ ပါဝင်သည်။

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်)တွင် ကလေးသူငယ်၏ အကောင်းဆုံးအကျိုး စီးပွားဆိုသည်မှာ ကလေးသူငယ်၏အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၎င်းဥပဒေပါ ကလေးသူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အများဆုံး ဖြစ်စေသည့် ကလေးသူငယ်အခွင့်အရေးများ ရရှိခံစားခြင်းကို ဆိုသည်ဟု ဖော်ပြထားပါသည်။

 

ကလေးအလုပ် သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားခြင်း

 

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပပျောက်စေရန် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအောက်တွင် ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့ကို နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားပြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပါသည်။ အဖွဲ့ဝင်များ အဖြစ် ပြည်ထောင်စု ဝန်ကြီးဌာန ၁၀ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ILO ၊ UNICEF နှင့် လူမှုရေး မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပါဝင် ဖွဲ့စည်းထားပါသည်။

 

ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်း အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ရည်မှန်းချက်များ

 

လုပ်ငန်းတာဝန်များမှာ အဓိကအားဖြင့် ကလေးအလုပ်သမားမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရန်၊ ဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်နေသော ကလေးများကို အကာအကွယ်ပေးရန်၊ ကလေးအလုပ်သမားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အပါအဝင် ပြဿနာများကို နိုင်ငံတော်အစိုးရ၏ ဦးစားပေးကဏ္ဍများတွင် ထည့်သွင်း နိုင်ရေးဆောင်ရွက်ရန်၊ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရေးဆွဲရန်၊ ကလေး အလုပ်သမားနှင့် ဆက်စပ်သည့် နိုင်ငံတကာစံချိန်စံညွှန်းများကို အတည်ပြုလက်ခံ ကျင့်သုံးနိုင်ရေး တင်ပြ ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်း အဖွဲ့၏ ရည်မှန်းချက်များမှာ ကလေးများအား ကလေး အလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက် စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေး အလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေး ရန်၊ အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်း ခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးနှင့် အသက်မွေးပညာကျောင်းများ တက်ရောက် နိုင်ရေး စီမံဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း သိရပါသည်။

 

စီမံချက်ကာလနှင့် ပထမငါးနှစ်စီမံချက် ရည်မှန်းချက်များ

 

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစီမံချက်ကာလအား ၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ ၁၅ နှစ်ကာလ သတ်မှတ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာလတို ပထမငါးနှစ်ကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပထမ ငါးနှစ်အတွင်း ချမှတ်ထား သည့် ရည်မှန်းချက်များအဖြစ် ခိုင်မာတိကျသော အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာ ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေး အသက်မွေးဝမ်းကျောင်းပညာအခွင့်အလမ်းများ ဖန်တီး ခြင်း၊ ဥပဒေပိုင်းဆိုင်ရာပြုပြင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေး အလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစား ခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက် မွေးဝမ်းကျောင်း အလုပ်အကိုင်များရရှိစေခြင်းဆိုသည့် ရည်မှန်းချက် ၆ ရပ် ချမှတ်ထားပါသည်။ ပထမငါးနှစ် စီမံချက်တွင် စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍနှစ်ခုကို ဦးစားပေး ဆောင်ရွက်ရန် သတ်မှတ်ထားပါသည်။ စီမံချက်နယ်မြေ အဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့ကို ဦးစားပေးတိုင်းဒေသကြီးနှင့် ပြည်နယ်များအဖြစ် သတ်မှတ်ထားပါသည်။ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာအမျိုးသားကော်မတီသည် လုပ်ငန်းကော်မတီ ရှစ်ခုကို ဖွဲ့စည်းပေးထားပြီး ရေးဆွဲထားသည့် စီမံချက်၊ ရည်မှန်းချက်များနှင့် လုပ်ဆောင်ချက်များအပေါ် စောင့်ကြည့်လေ့လာခြင်းတို့ကို စနစ်တကျဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

 

ကလေးအလုပ်သမားပပျောက်ရေးအတွက် တွန်းအား တစ်ရပ်

 

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ရည်ရွယ်ချက်၊ စီမံချက်နှင့် လုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းမှ အစပြုကာ ကလေးအလုပ်သမားခိုင်းစေမှု ပပျောက်သွားရန် သို့မဟုတ် လျော့နည်းသွားရန် လုပ်ဆောင်ပေး ရေးအတွက် အခြေအနေကောင်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အမျိုးသား ကော်မတီသည် ယင်း၏လုပ်ငန်းတာဝန်များကို ကိုဗစ်-၁၉ ကာလမတိုင်မီ ကပင် စတင်၍လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာလအတွင်းနှင့် အနာဂတ်တွင်လည်း စီမံချက်ပါရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ရာ ချမှတ်ထားသည့်စီမံချက်နှင့် လုပ်ငန်း တာဝန်များကို သက်ဆိုင်သူ အားလုံး၊ အဖွဲ့အစည်းများ အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းအကောင်အထည်ဖော် လုပ်ဆောင်ကြမည်ဆိုပါက ကလေးအလုပ်သမားပပျောက် ရေးအတွက် ထိရောက်မြင်သာသည့် တွန်းအားတစ်ရပ် ဖြစ်လာမည် ဖြစ်ပါသည်။

 

ကိုဗစ်- ၁၉၊ ကလေးများအား ကလေးအလုပ်သမား မဖြစ်စေဖို့ ယခင်ကထက်ပိုတိုးလို့ ယခုပင်ကာကွယ်ဖို့

 

နိုင်ငံတော်အစိုးရအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးကိစ္စအား နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့သည့်နည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများအား ကုစား၍ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် ကိုဗစ်- ၁၉ စီးပွားရေးထိခိုက်သက်သာရေး စီမံချက်တွင်လည်း ကလေးအလုပ်သမားများ၊ အမျိုးသမီးအလုပ်သမားများ အများဆုံးပါဝင်နေသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ CMP လုပ်ငန်းများနှင့် အငယ်စား၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို ကူညီပံ့ပိုးပေးရေး အစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းအဖြစ် ရေတိုရေရှည်အစီအမံများ ချမှတ်လုပ်ဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် အစဉ်အလေးထား ဆောင်ရွက်လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီသည် ချမှတ်ရေးဆွဲထား သည့် လုပ်ငန်းစဉ်နှင့် စီမံချက်များအတိုင်း ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အလုပ်ရှင် အလုပ်သမားသမဂ္ဂများ၊ UN အဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ အစည်း များ လူမှုအခြေပြု အဖွဲ့ အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့နှင့် ကလေး အလုပ်သမားပပျောက်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု များအား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ယခုအခါသမယမှစတင်၍ ကိုဗစ်-၁၉၊ ကလေးများအား ကလေးအလုပ်သမားမဖြစ်စေဖို့ ယခင်ကထက်ပိုတိုးလို့ ယခုပင် ကာကွယ်ဖို့ ဆောင်ပုဒ်ပါ ရည်မှန်းချက်အတိုင်း ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်၍ ယခင်ကထက် ပိုမိုအလေးထား လုပ်ဆောင်သွားကြမည်ဟု ယုံကြည်မိပါကြောင်း ရေးသား လိုက်ရပါသည်။

 

ရည်ညွှန်းကိုးကား - မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၊ - ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉) ခုနှစ်၊

- သတင်းစာ ဆောင်းပါးများ

- www.ilo.org/child labour world Day