ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး အစီအစဉ်မှာ ချမ်းသာတဲ့ နိုင်ငံပေါင်း ၆၀ ကျော် ပါဝင်

၂၂ စက်တင်ဘာ

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား ဆင်းရဲတဲ့ နိုင်ငံများကို ထောက်ပံ့မယ့် အစီအစဉ်မှာ ချမ်းသာတဲ့ နိုင်ငံပေါင်း ၆၀ ကျော် ပါဝင်ပေမယ့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်ခြင်း မရှိတာကို တွေ့ရပါတယ်။

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ ကမ္ဘာ့နိုင်ငံများကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ထောက်ပံ့ရေး လုပ်ငန်းစဉ် Covax အတွက် ရန်ပုံငွေ ရှာဖွေရေးမှာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ဝင်ငွေနည်း နိုင်ငံ ၉၂ နိုင်ငံကို ကာကွယ်ဆေး ထောက်ပံ့ရေးအတွက် ချမ်းသာတဲ့ နိုင်ငံ ၆၄ နိုင်ငံက အလှူငွေ ထည့်ဝင်စာရင်းမှာ ပါရှိပြီး ဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်း အတွင်းမှာ နောက်ထပ် နိုင်ငံပေါင်း ၃၈ နိုင်ငံကလည်း အလှူငွေ ထည့်ဝင်စာရင်းမှာ ပါဝင်မယ်လို့ WHO ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

 

 

ဉရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံနဲ့အတူ နော်ဝေနဲ့ အိုက်စ်လန် နိုင်ငံတွေကလည်း အလှူငွေ ထည့်ဝင်မယ့် စာရင်းမှာ ပါဝင်ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က WHO ရဲ့ ကပ်ရောဂါအပေါ် ကိုင်တွယ်မှု ဝေဖန်ထားပြီး အလှူငွေ ထည့်ဝင်စာရင်းမှာ မပါရှိတာကို တွေ့ရပါတယ်။

 

 

အလားတူ တရုတ်နိုင်ငံကလည်း အလှူငွေ ထည့်ဝင်စာရင်းမှာ မပါရှိတာကို တွေ့ရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ထောက်ပံ့ရေး လုပ်ငန်းစဉ် Covax အရ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ဘေးအန္တရာယ် ကင်းရှင်းပြီး အစွမ်းထက်တဲ့ ဆေးပေါင်း ၂ ဘီလီယံ လက်ဝယ်ရရှိရေး ဖြစ်ပါတယ်။

 

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကာကွယ်ဆေး ထောက်ပံ့ရေး အစီအစဉ် အပါအဝင် ကျန်းမာရေး အစီအစဉ်အတွက် အမေရိကန် ဒေါ်လာ ၃၈ ဘီလီယံ လိုအပ်ကြောင်း သိရပါတယ်။

 

 

ကာကွယ်ဆေးကို နိုင်ငံပိုင်သာ လုပ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီး ပြန်လည် ကျန်းမာလာဖို့ အချိန်ယူသွားနိုင်တယ်။ အဲဒီတော့ နိုင်ငံတိုင်းရဲ့ အကျိုးစီးပွား ဖြစ်တယ်။ အတူကူးခတ်မလား အတူ နစ်မြုပ်ခံမလားလို့ WHO အကြီးအကဲ က သတင်းထောက်တွေကို ပြောပါတယ်။

 

 

MDN

ကိုးကား - AFP

mdn