ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဂျပန်အာဏာပိုင်များ အိုလံပစ်ပွဲအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ အစီအမံများ ဆွေးနွေး

ဇွန် ၂၂

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂျပန်အာဏာပိုင်များ၊ အိုလံပစ်ကော်မတီတို့နှင့် မကြာမီကျင်းပတော့မည့် တိုကျိုအိုလံပစ်အားကစားပွဲအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အစီအမံများနှင့်ပတ်သက်ပြီး ယခုသီတင်းပတ်တွင် ဆွေးနွေးသွားမည်ဟု ပြောကြားသည်။

တိုကျိုအားကစားပွဲဆိုင်ရာတာဝန်ရှိသူများက အိုလံပစ်အားကစားပြိုင်ပွဲကျင်းပရာနေရာများတွင် ပြည်တွင်းပွဲကြည့်ပရိတ်သတ် ၁၀၀၀၀ အထိ ခွင့်ပြုရန် ယမန်နေ့က ဆုံးဖြတ်ခဲ့သည်။

အားကစားပြိုင်ပွဲကျင်းပရာနေရာများတွင်  လက်ခံနိုင်သော ပွဲကြည့်ပရိတ်သတ်၏ ရာခိုင်နှုန်း ၅၀ ထက် ကျော်လွန်မှုမရှိရန် သတ်မှတ်ထားသည်။

ပုံမှန်ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးအရေးပေါ်အစီအစဉ်ကို ဦးဆောင်သူ မီချယ်ရန်က ဂျပန်နိုင်ငံတွင်  ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါကူးစက်မှုများ ဖြည်းဖြည်းချင်း ကျဆင်းခဲ့သည်။

ဂျပန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားသော အခြားနိုင်ငံများထက် ရောဂါကူးစက်မှုနှုန်း နည်းပါးသောနိုင်ငံဖြစ်သည်ဟု ၎င်းက အလေးထားပြောကြားသည်။

မီချယ်ရန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းတို့အပါအဝင် အမျိုးမျိုးသောအစီအမံများကို ထည့်သွင်းစဉ်းစားရန် တိုကျိုအားကစားပွဲစီစဉ်ရေးကော်မတီ၊ ဂျပန်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီတို့နှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို