ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား ၃ သန်းနီးပါး အိမ်ပြန်ရန် အခက်အခဲဖြစ်နေကြောင်း ကုလသမဂ္ဂထုတ်ပြန်

၉ အောက်တိုဘာ

ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ပင်ထားရာ ရွှေ့ပြောင်းအလုပ်သမား ၂  ဒသမ ၇၅ သန်းကျော်ဟာ အိမ်ပြန်ရန် ခက်ခဲနေကြောင်း ကုလသမဂ္ဂက ဒီနေ့ (သောကြာနေ့) မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားမြစ်နိုင်ရန် နိုင်ငံတကာနယ်စပ်ဂိတ်တွေကို ပိတ်ထားခြင်း၊ ခရီးသွားလာမှု တားမြစ်ခြင်းတွေကြောင့် ရွှေ့ပြောင်းလုပ်သားတွေ သောင်တင်နေတာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ က ပြောပါတယ်။

ရာသီအလိုက် ရွှေ့ပြောင်းအလုပ်သမားတွေ၊ နိုင်ငံတကာက ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံခြားတိုင်းပြည်တွေမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေ၊ နိုင်ငံခြားမှာ ဆေးကုသရန် သွားရောက်သူတွေနဲ့ သင်္ဘောသားတွေ ပါဝင်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိသူအရေအတွက်ဟာ ဇူလိုင် ၂၃ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းသူတွေဟာ  အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက က လူဦးရေ ၁ ဒသမ ၂၆ သန်း၊ အဲဒီနောက် အာရှနဲ့ ပစိဖိတ်နိုင်ငံတွေမှ ၉၇၇,၀၀၀ ဦး၊ ဉရောပနိုင်ငံတွေနဲ့ ဆွစ်ဇာလန်က လူဦးရေ ၂၀၃,၀၀၀ ဦး၊ မြောက်အမေရိက၊ အလယ်အမေရိက နဲ့ ကာရစ်ဘီယန်ဒေသမှ ၁၁၁,၀၀၀ ဦးလို့ သိရပါတယ်။ 


နိုင်ငံခြားမှာ သောင်းတင်နေသူတွေဟာ နိုင်ငံပေါင်း ၁၀၁ နိုင်ငံရဲ့ ဒေသပေါင်း ၃၈၂ ခုက ဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP