ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်ဖြင့် နယ်စပ်ဝင်ပေါက်များမှတဆင့် လာရောက် လည်ပတ်လျက်ရှိ

နေပြည်တော် ၁၉ ဇန်နဝါရီ

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊  Mosaic of Myanmar Tribes Co., Ltd ၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံသားဧည့်သည် (၈) ဦးသည် (၉-၁-၂၀၁၈) ရက်နေ့တွင် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၈) စီးဖြင့် မြဝတီနယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး   မြဝတီ-ပဲခူး-ပုဂံ-မန္တလေး-အင်းလေး-ပဲခူး-မြဝတီမြို့များသို့ သွားရောက်၍ (Myawady-Bago-Bagan-Mandalay-Innlay-Bago-Myawady) ခရီးစဉ် တစ်လျှောက်ရှိ ခရီးသွား ဆွဲဆောင်မှုရှိသော နေရာများကို လည်ပတ်ခဲ့ကြပြီး (၁၆-၁-၂၀၁၈) ရက်နေ့တွင် မြဝတီနယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

 

 

ခရီးသွားပွင့်လင်းရာသီ ဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ တစ်ဦးချင်း အလိုက်သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း၊ ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့်လည်းကောင်း စဉ်ဆက်မပြတ် ဝင်ရောက်လေ့လာ လည်ပတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

 

MDN