ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ ရေရှားပါးမှု အခြေအနေ အမြင့်မားဆုံးနဲ့ရင်ဆိုင်နေရ

၆ သြဂုတ်

 


ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါး နေထိုင်တဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ရေရှားပါးမှုအမြင့်အမားဆုံးနဲ့ ရင်ဆိုင်နေရကြောင်း ဒီကနေ့ (အင်္ဂါနေ့) မှာ World Resources Institute မှ ထုတ်ပြန်လိုက်ပါတယ်။  

 

အဲဒီနိုင်ငံတွေကတော့ ကာတာ၊ အစ္စရေး၊ လက်ဘနွန်၊ အီရန်၊ ဂျော်ဒန်၊ လစ်ဗျား၊ ကူဝိတ်၊ ဆော်ဒီအာရေးဘီးယား၊ အီရစ်ထရီးယား၊ ယူအေအီ၊ ဆန်မာရီနို၊ ဘရိန်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ တက်ခ်မီနစ်စတန်၊ အိုမန် နဲ့ ဘော့စ်ဝမ်နာ နိုင်ငံတွေဟာ ထိပ်ဆုံး ၁၇ နိုင်ငံများဖြစ်ပါတယ်။ 

 

အိန္ဒိယနိုင်ငံဟာ ရေရှားမှုပြညွှန်းကိန်းမှာ အဆင့် ၁၃ ရှိနေပေမယ့် ကျန်ထိပ်ဆုံးနိုင်ငံ ၁၆ နိုင်ငံရဲ့ လူဦးရေထက် သုံးဆနီးပါးဟာ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

 

နိုင်ငံနဲ့ ဒေသများ စုစုပေါင်း ၁၆၄ ခု ရဲ့ ရေရှားပါးမှုပြညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ၁၂၉ နေရာမှာ ရှိတဲ့အတွက် ရေရှားမှု ရင်ဆိုင်ရတဲ့အခြေအနေဟာ နည်းပါးတာကို တွေ့ရပါတယ်။ 

 

MDN
ကိုးကား - AFP