နည်းပြ ဟာဗီယာအာဂီရေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် နာမည်ကြီး အင်္ဂလန် အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် မက္ကဆီကိုအသင်းပရိသတ်များကို တောင်းပန်ခဲ့သည်။ မက္ကဆီကိုအသင်းသည် ယင်းပွဲစဉ်တွင် ပြိုင်ဘက်ကို တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ပွဲအပြီးတွင် သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
မက္ကဆီကိုအသင်းသည် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည့်အတွက် ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ် တက်လှမ်းနိုင်ရေး မျှော်လင့်ချက်လည်း အဆုံးသတ်ခဲ့ရပြီဖြစ်သည်။ ၎င်းသည် မက္ကဆီကိုအသင်းကို စတင်တာဝန်ယူကိုင်တွယ်သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း ၂၁ ပွဲနိုင်၊ ရှစ်ပွဲသရေနှင့် ငါးပွဲရှုံးရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။
မိုးဇက်


